Jean ဘောင်းဘီလို့ ပြောလိုက်တာနဲ့ ယောကျာ်းလေးရော မိန်းကလေးရော အားလုံးနှစ်သက်ကြမယ် လို့ထင်ပါတယ်။ ထသွားထလာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်ပါတယ်။
ဒါပေမဲ့ Denim Jean အမျိုးစားကွဲတွေ ဘယ်လောက်ရှိလဲဆိုတာ ကျွန်မတို့တွေ မသိကြပါဘူး။ ဒါကြောင့်မို့ အမျိုးသမီးတွေအတွက် ဘယ်လို ခန္ဓာကိုယ်အရွယ်အစားနဲ့ လိုက်ဖက်တဲ့ jean ဘောင်းဘီ အမျိုးအစားကို ရွေးချယ်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
1.Skinny Jean

skinny jean ဟာ သင့်ခန္ဓာကိုယ်ကို ပေါ်လွင်ပြီး ချပ်ချပ်ရပ်ရပ် ရှိစေပါတယ်။ တကယ်လို့ သင့်ခန္ဓာကိုယ်ပုံစံက ပိန်ပိန်ပါးပါး မော်ဒယ်လေးကဲ့သို့ ရှိနေမယ်ဆိုရင် skinny jean နဲ့ သင့်ရဲ့အလှတရားကို ဖော်ထုတ်လိုက်ပါ။ အကယ်၍ ပြည့်ပြည့်ဝဝ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရင်တော့ skinny jean ကို ရှောင်ရှားဖို့ အကြံပေးချင်ပါတယ်။
2.Skinny Crop

skinny crop ကလည်း skinny jean လို အလားတူ ပုံစံပါပဲ။ ဒီဇိုင်းပုံစံ အနည်းငယ်လောက်သာ ကွဲပြားတာပါ။ အပေါ်မှာ ပြောထားသလိုပဲ ခန္ဓာကိုယ် ပိန်ပိန်ပါးပါး ရှိတဲ့သူတွေအတွက် ပိုပြီး အဆင်ပြေပါတယ်။ skinny crop အမျိုးအစားကို ရွေးချယ်ရာမှာ အဖြူ နှင့် အနက် က အကောင်းဆုံး ရွေးချယ်မှုပါပဲ။
3.Straight Leg Jean

jean ဘောင်းဘီ ဝတ်ဆင်လိုက်တဲ့ အခါမှာ သင်ခန္ဓာကိုယ် ချပ်ချပ်ရပ်ရပ်လေးနဲ့ လှချင်တာလား? ဒါပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလို့ စိုးရိမ်နေရင်တော့ straight leg jean လေးက သင့်ကို လှပမှုတွေ ပေးစွမ်းမှာပါ။ straight leg jean ကို ဝတ်ဆင်လိုက်မယ်ဆိုရင် သင်ခြေတံလေးတွေ ရှည်သဖွယ် ထင်ရပါလိမ့်မယ်။ ဘယိလို ခန္ဓာကိုယ်အမျိုးအစားပဲဖြစ်ဖြစ် ဝတ်ဆင်နိုင်ပါတယ်။
4.Jegging

jegging ဆိုတာဟာ ဆွဲသားပါတဲ့ jean ဘောင်းဘီပါ။ ဘယ်လို ခန္ဓာကိုယ်အမျိုးစားမဆို ဝတ်ဆင်နိုင်ပါတယ်။ အမျိုးသမီးတွေအတွက် အလွန် သက်တေင့်သက်သာ ရှိပြီးတော့ ခန္ဓာကိုယ် ချပ်ချပ်ရပ်ရပ် ရှိစေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလဲ ဝတ်ဆင်နိုင်ပါတယ်။ Boot လေးနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် သင့်ကိုပိုပြီး စတိုင်ကျလှပစေမှာပါ။
5.Boot Cut

boot cut က ဒူးနားလောက်ကနေပွသွားပြီး နည်းနည်း ကားသွားတဲ့ jean ဒီဇိုင်းပုံစံပါ။ boot cut ဟာ လွန်ခဲ့တဲ့ရာစုနှစ်တွေထဲက ဖက်ရှင်ရေစီးကြောင်း တစ်ခုဖြစ်ခဲ့ပြီး လူအများအပြား ဝတ်ဆင်ခဲ့ကြပါတယ်။ ဘယ်လို ခန္ဓာကိုယ်အရွယ်အစားမဆို ဝတ်လို့ရပြီး တင်ပါးကြီးတဲ့ အမျိုးသမီးတွေအတွက်တော့ ပြီးပြည့်စုံတဲ့ jean ဆိုရင်လည်း မမှားပါဘူး။
6.Flared jean

flared jean ကတော့ အားလုံးလည်းသိပြီးသားဖြစ်တဲ့ ခေါင်းလောင်းဘောင်းဘီ ဒီဇိုင်းဖြစ်ပြီး ဒူးနားကနေ ပွပြီးကားသွားတဲ့ ပုံစံပါ။ flare တွေကို လွန်ခဲ့သောခေတ်တွေထဲက ဝတ်ဆင်ခဲ့ကြပြီး အခုနောက်ပိုင်းမှာလည်း ဖက်ရှင်ရေစီးကြောင်းမှာ ပြန်လည် ရေပန်းစားလာတာလဲ တွေ့မြင်ရမှာပါ။ အရပ်ရှည်ပြီး တင်ပါးကြီးတဲ့ အမျိုးသမီးတွေအတွက် အဆင်ပြေစေပြီး စတိုင်ကျနေမှာပါ။ တကယ်လို့ သင်ဟာ တင်ပါးကြီးပြီး အရပ်ပုနေမယ်ဆိုရင်တော့ flared jean ကို မရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။
7.Low Rise Jean

low rise jean ဟာ skinny jean ပုံစံကိုမှ အောက်နားမကျပ်ဘဲ ဒဲ့ဆင်းသွားတဲ့ ပုံစံဒီဇိုင်းပါပဲ။ ခန္ဓာကိုယ် သေးသွယ် ကျစ်လျစ်လှပတဲ့ အမျိုးသမီးတွေအတွက် အဆင်ပြေစေပါတယ်။ တကယ်လို့ တင်ပါးကြီးပြီး ဗိုက်အဆီများတဲ့သူတွေ ဝတ်မယ်ဆိုရင် သင့်ရဲ့ဝမ်းဗိုက်ကို ပိုဖောင်းစေတာကြောင့် ဒါဟာ ကြည့်ရဆိုးစေတာမို့ မဝတ်ဆင်ဖို့ ပြောချင်ပါတယ်။
8.Boyfriend Jean

jean အပွဝတ်ချင်တဲ့သူတွေအတွက်တော့ boyfriend jean က ပေါ့ပေါ့ပါးပါးရှိတာကြောင့် အဆင်ပြေစေမှာပါ။ Boyfriend jean သို့မဟုတ် boyfriend crop jean ကို တင်ပါးကြီးတဲ့ အမျိုးသမီးတွေ ဝတ်ဆင်ရာမှာ ပိုပြီး အဆင်ပြေစေနိုင်ပြီးတော့ ခန္ဓာကိုယ်သေးသွယ်ပြီး ပုတဲ့သူတွေအနေနဲ့တော့ မရွေးချယ်သင့်ပါဘူး။
9.Cigarette Jean

cigarette jean ဟာ skinny jean နဲ့ပုံစံတူပါပဲ။ ဒါပေမဲ့ cigarette jean က လုံးဝရှည်မသွားပဲနဲ့ ခြေမျက်စိအထက်မှာ ရှိနေတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ လူကြိုက်များပြီးတော့ သင့်ကို စတိုင်ကျလှပနေမှာပါ။ ခန္ဓာကိုယ် ကျစ်လျစ်သေးသွယ်တဲ့ အမျိုးသမီးတွေ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အကယ်၍ ခန္ဓာကိုယ် ပြည့်ပြည့်ဝဝရှိပြီးတော့ ပေါင်လုံးကြီးတဲ့သူတွေအနေနဲ့ မဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။
အခုပြောပြပေးလိုက်တဲ့ denim jean အမျိုးအစားတွေက သင်ဈေးဝယ်ထွက်တဲ့အခါ ပိုပြီးအထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
TDA





