အမျိုးသမီး တွေအနေနဲ့ အပြင်သွားတဲ့အခါ ဒါမှမဟုတ် ပွဲတက်တာဘဲဖြစ်ဖြစ် အင်္ကျီနဲ့ဖိနပ်ကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။
အဲ့လို ရွေးချယ်တတ်မှလည်း လူအများကြားမှာ ထင်ပေါ်ပြီးလှပနေမှာအမှန်ကန်ပဲနော်။အင်္ကျီနဲ့ဖိနပ် တွေကို ဘယ်လိုတွဲဖက် ဝတ်ဆင်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
1.Sporty Dresses




sporty dresses လေးတွေက ပေါ့ပေါ့ပါးပါး ရှိတဲ့အတွက် သူနဲ့တွဲဖက်စီးလို့ ရမယ့်ဖိနပ်လေးတွေ ဖြစ်တဲ့ slip-ons,sneakers,flat နှင့် platform sandals တို့ကိုရွေးချယ်လို့ရပါတယ်။
2.Casual Dresses




ပုံမှန် ထသွားထလာနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ချင်ရင်တော့ High-heeled shoes,shoes with small wedge heels,moccasins,slippers တွေနဲ့ ဝတ်ဆင်ပါ။
3.Business Dresses

ရုံးသွားရုံးလာ အမျိုးသမီးများအနေနဲ့ ဒေါက်ဖိနပ်ရွေးချယ်ရာမှာ ၄လက်မ ထက်မမြင့်တဲ့ဒေါက်မျိုးကို ရွေးချယ်ဝတ်ဆင်ရမှာပါ။
4.Open Evening Dresses

ပွဲတက်ဝတ်စုံ လည်ပင်းပြောင်လေးတွေကို ကြိုးကွင်းဒေါက်မြင့်နှင့် ဝတ်ဆင်လိုက်ရင်တော့ပြီးပြည့်စုံသော dress လေးဖြစ်သွားမှာပါ။
5.Evening dress without a v-neck

ဗွီပုံစံ မဟုတ်တဲ့ ပွဲတက်ဝတ်စုံကိုတော့ ထိပ်ပိတ်ရှုး သို့မဟုတ် pumps တွေနဲ့ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
6.Flowing maxi Dresses


ဂါဝန်အရှည် အဝဲလေးတွေကို ကြိုးသိုင်းဒေါက်မြင့် နှင့် ကြိုးသိုင်းအပါးကို ရွေးချယ်ပါ။
7.Dresses with bouffant skirts


စကပ်ကားအထောင်ကိုတော့ ဒေါက်မြင့် သို့မဟုတ် ကြိုးသိုင်းဒေါက်လေးနဲ့ စီးလိုက်ရင် ချစ်စရာကောင်းလောက်အောင် ဖြစ်သွားမှာနော်။
8.Bodycon mini Dresses



ခန္ဓာကိုယ် အကျပ်အင်္ကျီတိုလေးများကို ကြိုးသိုင်းဒေါက်မြင့်၊ ကွင်းထိုးဒေါက်၊pumps တွေနဲ့ ဝတ်ဆင်မယ်ဆိုရင် သင့်ခန္ဓာကိုယ် ပေါ်လွင်ပြီး ခြေလှမ်းတိုင်းမှာလဲ လှပကျော့ရှင်းနေမှာပါ။
9.T-shirt Dresses


T-shirt ဆိုတဲ့အတိုင်း သင်ဝတ်ဆင်လိုက်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး ဖြစ်နေမှာအမှန်ပါပဲ။ သူ့ကို ဒေါက်မြင့်ဖိနပ် သို့မဟုတ် sneaker လေးတွေနဲ့ စီးလိုက်မယ်ဆိုရင် အထာကျပြီး မိုက်နေမှာ အသေချာပဲနော်။
10.Wrap Dresses

wrap dress ကိုတော့ ကြိုးသိုင်းဒေါက်မြင့်ဖိနပ် နဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။
11.Sundresses


ကမ်းခြေသွားမယ့် သူတွေအတွက်တော့ ဂါဝန်အဝေ့အဝဲ လေးတွေကို ရွေးချယ်နိုင်ပါတယ်။ သူနဲ့အတူ တွဲဖက်ဝတ်ဆင်ရမယ့် ဖိနပ်တွေကတော့ ကြိုးသိုင်းအပါး ၁လက်မ အရွယ် ဒါမှမဟုတ် ကြိုးသိုင်းဒေါက်နဲ့ စီးလိုက်မယ်ဆိုရင် သင်ဟာရေလှိုင်းတွေနဲ့ အပြိုင် လှပနေမှာပါ။
ခုပြောပြ ပေးလိုက်တဲ့tips လေးတွေကသင့်အတွက်အသုံးဝင်ပြီး ဖက်ရှင်ကျနေမှာ အသေချာပဲနော်။





