Việt Nam Textile and Apparel Association ဥက္ကဋ္ဌဖြစ်သူ Vũ Đức Giang က Việt Nam News ၏ သတင်းထောက်၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်တို့တွင်
တစ်ပိုင်းကို ဗီယက်နမ် အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးမည့် အကြောင်းရင်းခံ ၃ချက် ခေါင်းစဉ်ဖြင့် ဖော်ပြပေးခဲ့ပြီးပြီ။ ယခု နည်းပညာပိုင်း ရင်းနှီးမြှုပ်နှံမှုများအကြောင်းကို ဥက္ကဋ္ဌက ပြောပြခဲ့သည်တို့အား ဗီယက်နမ် အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍ နည်းပညာပိုင်း ရင်းနှီးမြှုပ်နှံမှုဟု ခေါင်းစဉ်တပ်၍ ဖော်ပြပါသည်။
ဥက္ကဋ္ဌဖြစ်သူ Vũ Đức Giangက ယခုလို ဖြေကြားထားပါသည်။
နည်းပညာတွေ အများကြီး ရှိနေတယ်။ သာဓကတစ်ခု ပြောရရင် ချည်မျှင်ထုတ်တဲ့အပိုင်းကဏ္ဍမှာ ကျွန်တော်တို့ ဗိုင်းလိပ်တံ ငါးသောင်းအတွက် ရင်းနှီးမြှုပ်နှံမှု ပြုခဲ့တယ်။ အဲဒီဗိုင်းလိပ်တံတွေကို ကိုင်တွယ်ဖို့ လုပ်သားဦးရေ ၄၀၀ လောက် လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ယခုခေတ်နည်းပညာနဲ့ လုပ်ကိုင်တဲ့အခါ ဗိုင်းလိပ်တံ ငါးသောင် စက်ရုံမှာ လုပ်သားဦးရေ ၁၀၀ ပဲ လိုတော့တယ်။ ၅၈ ယောက်နဲ့ လုပ်တဲ့ စက်ရုံတောင် ရှိတယ်။
ရက်ကန်းအပိုင်းကဏ္ဍမှာ အရင်တုန်းက လုပ်သားတစ်ယောက်က ရက်ကန်းစက် လေးငါးလုံးကို ကိုင်တယ်။ ဒါပေမဲ့ အခုခေတ် အော်တိုမက်တစ်စက်တွေမှာ လုပ်သားတစ်ယောက်က စက် ကိုးလုံး ဆယ်လုံး ဆယ့်နှစ်လုံးအထိ ကိုင်တွယ်လုပ်ကိုင်လို့ ရတယ်။ အဲဒီစက်တွေ့ အရမ်းခေတ်မီတယ်။ ကုန်ထုတ်စွမ်းအားလည်း မြင့်မားတယ်။
ဆေးဆိုးတဲ့အပိုင်းကို ကြည့်မယ်ဆိုရင် အရင်က လူက လက်နဲ့လုပ်ကိုင်ရတာတွေ ရှိတယ်။ အခုဆိုရင် ဆော့ဖ်ဝဲလ်ကနေတစ်ဆင့် အလိုအလျောက် လုပ်ကိုင်လို့ ရနေပြီ။
ဒီဇိုင်းအပိုင်းမှာလည်း ဒီလိုမျိုးပါပဲ။ အရင်တုန်းက ဒီဇိုင်နာတစ်ဦးက တစ်ရက်ကို ဒီဇိုင်း တစ်ခုနှစ်ခု လုပ်တယ်။ အခု သရီးဒီ ဒီဇိုင်ဆော့ဖ်ဝဲလ်က ကျွန်တော်တို့ကို ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြားမှာ ဒီဇိုင်းနမူနာကို ထုတ်ပေးတယ်။ အဲဒီထက် မြန်တာတွေလည်း ရှိတယ်။
နည်းပညာပိုင်း ဖွံ့ဖြိုးရင် ထုတ်လုပ်သူကို ထုတ်လုပ်ရန်ကြာချိန် လျှော့ချဖို့ အထောက်အကူဖြစ်တယ်။ ၀ယ်ယူသုံးစွဲသူတွေက ထုတ်ကုန်သစ်တွေကို လက်လှမ်း ပိုမီသွားတယ်။
ဗီယက်နမ် အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးမည့် အကြောင်းရင်းခံ ၃ချက်
http://www.textiledirectory.com.mm/articles/item/979-vietnam-textile-and-garment-interview.html
			    
					
		  	



