စီမံဘဏ္ဍာဝန်ကြီးဌာနသည် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအတွက် ကုမ္ပဏီ မှတ်ပုံတင်ကြေးကို
လွန်ခဲ့သည့် ၂ နှစ်က ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်မှ စ၍ ကျပ် တစ်ဆယ်သိန်းမှ ငါးသိန်းသို့ ထက်ဝက်လျှော့ချသတ်မှတ်ပေးခဲ့ပြီး ယခုလာမည့် ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်မှ စ၍ ကျပ်ငါးသိန်းမှ ကျပ် နှစ်သိန်းခွဲသို့ လျှော့ချသတ်မှတ်မည် ဖြစ်သည်။
ကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်သည့်အခါ အသေးစားလုပ်ငန်းရှင်များအဖို့ ကျပ်ငါးသိန်းသည် ဆင်ဖိုးထက် ချွန်းဖိုးကြီးဆိုသည့်အတိုင်း ခံစားမိနေစေသည်။ ယခုအခါ ကျပ် နှစ်သိန်းခွဲသို့ လျှော့ချသတ်မှတ်လိုက်သဖြင့် ကုမ္ပဏီတစ်ခုအဖြစ် တည်တည်တံ့တံ့ထူထောင်လုပ်ကိုင်ဖို့ ပိုနီးစပ်သွားစေမည်ဖြစ်သည်။