What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at home ကြေညာချက်တွင် CMP စနစ်ဖြင့် ဆောင်ရွက်နေ သော စက်ရုံ၊ အလုပ်ရုံများလည်း ပါဝင်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ (၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူများအနေဖြင့် Stay at home နေထိုင်ရန် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

 

ထိုကြေညာချက်မှာ စက်တင်ဘာ(၂၁)ရက်နေ့ နံနက်(၈)နာရီမှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် Stay at home အစီအစဉ်တွင် အကျုံးဝင်ပြီ ဖြစ်ပြီး ထိုအထဲတွင် (CMP) စနစ်ဖြင့် ဆောင်ရွက်နေ သော စက်ရုံများ၊ အလုပ်ရုံများမှာ စက်တင်ဘာ (၂၄)ရက်မှ စပြီး အောက်တိုဘာလ(၇)ရက်နေ့ အထိ နှစ်ပတ် အလုပ်ရပ်နားရမှာ ဖြစ်ပါတယ်။

 

ကျန်တဲ့ အဖွဲ့အစည်းများ၊ ကုမ္ပဏီများက တော့ စက်တင်ဘာ(၂၁)ရက်နေ့မှစ၍ အိမ်က နေ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

 

ယခုချိန်တွင် ရောဂါပိုးတွေ့ရှိရ သော လူနာများမှာ အလွန်ပင် များပြားလာတာကြောင့် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအတွက်လည်း ဒီလို တိတိကျကျ ထုတ်ပြန်ချက် ကြေညာလိုက်တာ အ ကောင်းဆုံးပဲ ဖြစ်ပါတယ်။

 

သို့ သော် ပုဂ္ဂလိက လုပ်ငန်းများဖြစ်သော ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီ အရောင်းဆိုင် များ၊ စားသောက်ကုန်နှင့် သားငါး အ အေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ် ဖြန့််ဖြူးရောင်းချ ရေးလုပ်ငန်းများ၊ နေ့စဉ် တစ်ကိုယ်ရည် သုံး ပစ္စည်းထုတ်လုပ်သည့် စက်ရုံများမှာ Stay at home အစီအစဉ် တွင် မပါဝင် ကြောင်း သိရပါတယ်။

Read 704 times
Rate this item
(0 votes)