What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒေါ်လာစျေးပြန်တက် မယ်လို့ ခန့်မှန်းပြီး အောက်တိုဘာ ၁ ရက်ကစမယ့် အစိုးရအသုံးစရိတ်တွေအတွက် တစ်ဒေါ်လာလျှင် ကျပ် ၁၅၂၀ သတ်မှတ်

 ဒေါ်လာစျေးပြန်တက်မယ်လို့ ခန့်မှန်းထားတာကြောင့် အောက်တိုဘာ ၁ ရက်မှာ စတင်မယ့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို  အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၅၂၀ သတ်မှတ်ပြီး တွက်ချက်သုံးစွဲမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက လွှတ်တော် ကို တင်ပြပါတယ်။

 

 အမေရိကန်ဒေါ်လာစျေးကျနေချိန်မှာ ဗဟိုဘဏ်က သန်းပမာဏဖြင့် ဝယ်ယူနေပေမဲ့လည်း ဒေါ်လာဈေးက တစ်‌ဒေါ်လာလျှင်  ကျပ် ၁၄၀၀ အောက်မှာပဲ ဆက်ရှိနေဆဲဖြစ်တာ တွေ့ရပါတယ်။  ကျပ် ၁၅၂၀ ပေါက်ဈေးဖြစ်ဖို့ လာမယ့် ဩဂုတ်လနဲ့ စက်တင်ဘာလ နှစ်လအတွင်းမှာ ကျပ် ၁၅၀ ကျော် ဈေးပြန်တက်တဲ့အထိ ဗဟိုဘဏ်က ဆက်လက်ဝယ်ယူနေမှာလားဆိုတာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

 

 

 

ဗဟိုဘဏ်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ပထမလဝက်အတွင်း အမေရိကန်ဒေါ်လာ ဝယ်ယူခြင်း။

  ၁ ဇူလိုင် အမေရိကန်ဒေါ်လာ ၃.၈ သန်း

 ၂ ဇူလိုင် အမေရိကန်ဒေါ်လာ ၇.၇ သန်း

 ၇ ဇူလိုင် အမေရိကန်ဒေါ်လာ ၃.၈ သန်း 

၈ ဇူလိုင် အမေရိကန်ဒေါ်လာ ၃.၈ သန်း

၉ ဇူလိုင် အမေရိကန်ဒေါ်လာ ၁.၀ သန်း

၁၃ ဇူလိုင် အမေရိကန်ဒေါ်လာ ၁.၀ သန်း

၁၄ ဇူလိုင် အမေရိကန်ဒေါ်လာ ၀.၇ သန်း

 

 

 

 

 

 

 

 

 

 

 

 

Read 1193 times
Rate this item
(0 votes)