မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Guston Amava မှ ဒုတိယမြောက် LEED ပလက်တီနမ်စက်ရုံကို
ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။
LEED (Leadership in Energy and Environmental Design) ပလက်တီနမ်ထုတ်လုပ်မှုစက်ရုံများအနေနဲ့
ယူနိုက်တက်စတိတ်စိမ်းလန်းသော အဆောက်အအုံကောင်စီ (United States Green Building Council) မှ ချမှတ်ထားတဲ့
တင်းကြပ်သော ပတ်ဝန်းကျင်ဆိုင်ရာစွမ်းဆောင်ရည် စံနှုန်းများနဲ့ ကိုက်ညီရန် လိုအပ်ကြောင်း သိရပါတယ်။
အဆိုပါ Guston Amava စက်ရုံသစ်၏ ဆောက်လုပ်ရေးတွင် ပြန်လည်အသုံးပြုထားတဲ့ သံမဏိကို (၈၅) ရာခိုင်နှုန်း၊
ပြန်လည်အသုံးပြုထားတဲ့ ဆောက်လုပ်ရေးပစ္စည်းများကို (၃၄) ရာခိုင်နှုန်း အသုံးပြုထားပြီး စက်ရုံတစ်ခုစီတွင်
၂၅၀ ကီလိုဝပ်ဆိုလာ PV များ ခေါင်မိုးပေါ်တပ်ဆင်ထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုလာခေါင်မိုးစနစ်ကို
အသုံးပြုထားခြင်းပဲဖြစ်ပါတယ်။
SMART Myanmar မှ ပြောရေးဆိုခွင့်ရှိသူက "မြန်မာနိုင်ငံမှာ ဒီနေရာကို ဦးဆောင်နေတဲ့ အထည်ချုပ်ထုတ်လုပ်သူတွေကို
တွေ့ရတာ ဝမ်းသာပါတယ်။ မြန်မာနိုင်ငံရှိ အခြားမည်သည့်စက်ရုံမှ ဒီစွမ်းဆောင်ရည်ကို တိုင်းတာနိုင်ခြင်းမရှိသေးပါဘူး။
ဒါဟာ စက်ရုံနှစ်ခုအတွက် သိသာတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတော်တော်များများဟာ Industry 4.0 အပေါ် အာရုံစိုက်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် အထူးသဖြင့် နေရောင်ခြည်စွမ်းအင်သုံး ခေါင်မိုးများ၊ စွမ်းအင်ထိရောက်စွာအသုံးပြုမှု၊
ရေနှင့် စွန့်ပစ်ပစ္စည်းများလျှော့ချရေး၊ဓာတုပစ္စည်းများနှင့် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများကို
ထိရောက်စွာစီမံခန့်ခွဲမှုနဲ့ အခြားအလားတူစီမံမှုများကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပူးတွဲထုတ်လုပ်ခြင်းဆိုင်ရာ
ဖြေရှင်းနည်းများကိုလည်း အကောင်းဆုံးကျင့်သုံးဖို့ အရေးကြီးပါတယ်။
စက်မှုလုပ်ငန်းရှိ အထည်ချုပ်စက်ရုံ ၉ ခုခန့်မှာ အရွယ်အစားကြီးမားတဲ့ ဆိုလာခေါင်မိုးများ တပ်ဆင်ထားပြီး
အခြားကျန်ရှိတဲ့ စက်ရုံတွေအနေနဲ့လည်း ၎င်းဆိုလာများကို တပ်ဆင်ဖို့ ပြင်ဆင်နေကြကြောင်း သိရပါတယ်။
ဒါ့ပြင် စက်ရုံများအနေဖြင့် နေရောင်ခြည်စွမ်းအင်၏ ကုန်ကျစရိတ်သက်သာသည့် အကျိုးကျေးဇူးများကြောင့်
တပ်ဆင်ဖို့ ပြင်ဆင်နေကြသလို နေရောင်ခြည်စွမ်းအင်သုံး PV ၏ ဝယ်လိုအားမှာလည်း
ဆက်လက်မြင့်တက်လာမှာဖြစ်ကြောင်း သိရပါတယ်။
ကြယ်သီးဆိုင် ၁၁၀ ဆိုင်ကိုရှာရန် နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
နရောင်ခြည်စွမ်းအင်၏ ကုန်ကျစရိတ်သက်သာသည့် အကျိုးကျေးဇူးများကြောင့် တပ်ဆင်ဖို့ ပြင်ဆင်နေကြသလို နေရောင်ခြည်စွမ်းအင်သုံး
ကြယ်သီးဆိုင် ၁၁၀ ဆိုင်ကိုရှာရန် နှိပ်ပါ။
Myanmar Textile and Garment Directory