What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်ကဏ္ဍ ကန်ဒေါ်လာ ၂.၃၃၂ ဘီလျံ ပြည်ပတင်ပို့

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် မတ်လဆန်းအထိ အထည်ချုပ်ကဏ္ဍ CMP ချုပ်လုပ်ထုပ်ပိုး ပြည်ပတင်ပို့မှုတန်ဖိုး ကန်ဒေါ်လာ ၂.၃၃၂ ဘီလျံ ရှိပြီ။

ကဏ္ဍအလိုက် ပြည်ပတင်ပို့မှုတွင် ဒုတိယနေရာမှာ ဆက်ရှိနေသည်။

 

တန်ဖိုးအရ အများဆုံး ပြည်ပပို့ကုန် ထိပ်တန်း(၁၀) စာရင်းထုတ်ပြန်ချက်ကို
အောက်ပါလင့်တွင် ဖော်ပြထားပါသည်။

 

2017 TOP 10 EXPORT
http://www.textiledirectory.com.mm/articles/item/728-2017-top-10-export.html

ကြောင်း သိရသည်။


CMP စနစ်ဖြင့် လုပ်ကိုင်လျက် ရှိရာမှ FOB သို့ ပြောင်းလဲရန် စိုင်းပြင်းထားသော်လည်း အာမခံငွေ ၃%တင်ရန် ငွေမတတ်နိုင်သည့် အခက်အခဲ ရှိနေသဖြင့် ရှေ့မတိုးနိုင် ဖြစ်နေရသည်ဟု သိရသည်။


တစ်ဆင့်တက်မည့် မြန်မာ့အထည်ချုပ် ဆောင်းပါး ဖော်ပြထားသည့်လင့်ခ်
http://www.textiledirectory.com.mm/articles/item/310-cmp-to-fob.html

 


မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ချုပ်ထည်များ တင်ပို့မှုများ ဆတိုးပွား တိုးတက်များပြားခြင်းနှင့် ပတ်သက်၍ Eleven Media ၏ သတင်းတစ်ပုဒ်တွင် ဖတ်ရှုရသည်။

၂၀၁၀ ပြည့်နှစ်တွင် ချုပ်ထည်တင်ပို့မှု ကန်ဒေါ်လာ ၃၃၇ သန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ကန်ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရော
က်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည် တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုးတိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်ဈေးကွက်တွင်လည်း အီးယူဈေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ် တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်ခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း ကဏ္ဍအနေနဲ့ ၀င်ငွေအများဆုံးကဏ္ဍတစ်ရပ်အဖြစ် ကမ္ဘာ့ ဈေးကွက်ကို ကောင်းမွန်တဲ့ အ ရည်
အသွေး တန်ဖိုးမြင့်ထုတ်ကုန်များအနေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေနဲ့ ၁၀ နှစ် မဟာဗျူဟာကို မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းချမှတ် ဆောင်ရွက်လျက် ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောကြားသည်။

Read 1058 times
Rate this item
(0 votes)