What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ် လုပ်ငန်းရှင်များအနေဖြင့် အီးယူက စီးပွားရေးပိတ်ဆို့လာမည်ကို စိုးရိမ်လျက်ရှိ

ဥရောပသမဂ္ဂ(အီးယူ) က စီးပွားရေးပိတ်ဆို့မှုစတင်ပါက အထည်ချုပ်ကဏ္ဍ လုပ်သား သုံးသိန်းကျော်၏ အလုပ်အကိုင် အခွင့်အရေးအတွက် အခက်အခဲ ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံအ ထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ် ထားသော အထည်ချုပ်စက်ရုံများ တွင် ချုပ်ထည်မှာယူအလုပ်အပ် ထားမှုသည် အီးယူက ၇၅ ရာခိုင် နှုန်းရှိသည်ဟုဆိုသည်။
ထို့အပြင် လစဉ်တိုးတက် လာသည့် တရုတ်နိုင်ငံမှ ပြောင်း ရွှေ့လာသောအထည်ချုပ်စက်ရုံ များက အီးယူမှ ပေးထားသည့် အခွန်အထူးသက်သာခွင့် (GSP)ကိုရယူလိုခြင်းကြောင့် လာ ရောက်ရင်းနှီးမြှုပ်နှံခြင်းဟု ဦးမြင့် စိုးကပြောသည်။
‘‘သူတို့ဘက်က အခွင့်အ ရေး ပြန်ရုပ်လိုက်ရင်ဘာမှလုပ်မရ ဘူးလေ။ အမေရိကန်ဆန်ရှင် တုန်းကလည်း ဒီလိုပဲလေ’’ ဟု ၎င်းကပြောသည်။
နိုင်ငံရေးဖိအားများကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုဖြစ်လာကာ မြန်မာနိုင်ငံသား ငါးသိန်းကျော်ကို အလုပ်အကိုင် ပေးထားသော အထည်ချုပ်လုပ် ငန်းများထိခိုက်မည်ကို စီးပွားရေး လုပ်ငန်းရှင်များက စိုးရိမ်နေ သည်။ ၂၀၀၃ ကစတင်ကာဆယ် စုနှစ်တစ်ခုခန့် ကြာမြင့်သည်အထိ ကြုံတွေ့ခဲ့ရသော စီးပွားရေးပိတ် ဆို့မှုများ၏ဆိုးကျိုးကို ထပ်မံမခံ စားလိုကြောင်း အထည်ချုပ်လုပ် ငန်းအချို့က ပြောသည်။
လက်ခစားစနစ်ဖြင့် ပြည်ပ ချုပ်ထည်တင်ပို့မှုနှစ်ဆခန့်တိုး တက်လာသော်လည်း ရခိုင်အ ရေးကြောင့် ယခုနှစ်တွင် လုပ်ငန်း လုပ်ကိုင်ရခြင်းကို စိတ်ကုန်လာ ကြောင်း လှိုင်သာယာစက်မှုဇုန် (၄)မှ အထည်ချုပ်စက်ရုံပိုင်ရှင် တစ်ဦးက ပြောသည်။
‘‘စိတ်လွတ်ကိုယ်လွတ်အား ထည့်ပြီး လုပ်လို့မရသေးတဲ့အခြေ အနေမျိုးဖြစ်နေတယ်’’ ဟု ဦးမြင့် စိုးက ပြောသည်။
၂၀၁၇ ၌ ပြည်ပချုပ်ထည် တင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံရရှိကာ ၂၀၁၈ တွင် ၂၀ ရာခိုင်နှုန်းထပ်မံတိုးမြင့်မည် ဟု အထည်ချုပ်လုပ်ငန်းရှင်များ က မှန်းဆနေချိန်တွင် အထူးအ ခွန်သက်သာခွင့် ဆုံးရှုံးမည့်အခွင့် အရေးကို မလိုလားပေ။
မြန်မာနိုင်ငံ၏ အောင်မြင် တိုးတက်နေသော အထည်ချုပ် လုပ်ငန်းများသည် အထူးအခွန် သက်သာခွင့် ရရှိခြင်းကြောင့် လက်ရှိတွင် အီးယူအဖွဲ့ဝင်နိုင်ငံ များသို့ ချုပ်ထည်တင်ပို့ရာ၌ သွင်း ကုန်အခွန် ၈ ရာခိုင်နှုန်းမှ ၁၂ ရာ ခိုင်နှုန်းသက်သာခွင့်ရနေသည်။
အဆိုပါအခွန်သက်သာခွင့် ကြောင့် တရုတ်နိုင်ငံအပါအ၀င် အာဆီယံနိုင်ငံအချို့မှ အထည် ချုပ်စက်ရုံများက မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်ဟု အထည်ချုပ်လုပ် ငန်းရှင်အချို့က ပြောသည်။
ကုန်သွယ်မှုအထူးအခွင့်အ ရေးပေးသည့် GSP ရုပ်သိမ်းခြင်း အပါအ၀င် မြန်မာနိုင်ငံအပေါ် မည်သည့်စီးပွားရေး ပိတ်ဆို့မှုမျှ ဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ပြောရေးဆို ခွင့်ရှိသူက ပြောသည်။

 

Source:seven day daily

Read 1453 times
Rate this item
(1 Vote)