ဒီတစ်ခေါက်မှာတော့ Textile ပရိတ်သတ်ကြီးကို ဒီဇိုင်နာကျော်ရဲနိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇိုင်ကျော်ရဲနိုင် ဟာဆိုရင် ဒီဇိုင်နာလောကထဲကို ၂၀၁၃ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။
ကိုကျော်ရဲနိုင်ဟာ ဒီဇိုင်နာပညာ နဲ့ပတ်သက်ပြီး ပြည်တွင်းမှာ သင်တန်းတွေတက်ရောက်ခဲ့သလို ပြည်ပမှာလည်း
ရက်တိုသင်တန်းတွေတက်ရောက်ခဲ့ပါတယ်။ ကိုကျော်ရဲနိင် ဟာ မြန်မာဝတ်စုံတွေ
Evening Gown တွေ ဖန်တီးချုပ်လုပ်တဲ့နေရာ မှာ အလွန်သေသပ်လှပသူတစ်ဦးပါ။
ကိုယ်တိုင် ဒီဇိုင်းပညာကို အစဉ်မပြတ်လေ့လာနေသူဖြစ်ပြီး ကျွမ်းကျင်မှုပြည့်ဝစွာ Coustomer တွေစိတ်တိုင်းကျ
ဆောင်ရွက်ပေးနေတာကြောင့် Coustomer တွေဆီကနေ Feedback ကောင်းတွေရရှိထားတဲ့ဒီဇိုင်နာတစ်ဦး
လည်းဖြစ်ပါတယ်။
ကိုကျော်ရဲနိုင်ဟာ ၂၀၁၈ ခုနှစ်တုန်းက 9 Fashion Program တစ်ခုကို ရိုက်ကူးခဲ့ပါတယ်။
ဒ့ါပြင် ကိုကျော်ရဲနိုင်ဟာ Miss Universe Nay Pyi Taw ပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်တွေအတွက် မြန်မာဝတ်စုံတွေနဲ့
Evening Gown ဝတ်စုံတွေကို နှစ်နှစ်ဆက်တိုက် စီစဉ်ချုပ်လုပ်ပေးခဲ့ပြီး
2019 Miss Crystal Angel ပြိုင်ပွဲကြီးအတွက် လည်း Evening Gown တွေကို စီစဉ်ပေးခဲ့ပါတယ်။
ဆက်လက်ပြီး ဒီဇိုင်နာ ကိုကျော်ရဲနိုင်ဟာ 2020 မှာ ခေတ်စားလာ ဖက်ရှင် ပုံစံလေးတွေနဲ့ ပတ်သက်ပြီး
“ 2020 မှာတော့ ဒီဇိုင်နာတွေရဲ့ ကိုယ်ပိုင်ဖန်တီးမှုနဲ့ ပြုလုပ်ထားတဲ့ ဖက်ရှင်တွေ ပိုပြီးခေတ်စားမယ် လို့ထင်ပါတယ်။
အရောင်တွေအနေနဲ့ကတော့ 2019 ခုနှစ်တုန်းက ခေတ်စားခဲ့တဲ့အရောင်တွေပဲ ပြန်လည်ခေတ်စားမယ်ထင်ပါတယ်။
မြန်မာဝတ်စုံတွေအနေနဲ့ ကတော့ ပုဝါအပိုင်းလေးတွေ ဆန်းသစ်လာပြီး
ခေတ်စားမယ်လို့ထင်ပါတယ်။ ဒါ့ပြင် Handmade နဲ့ပြုလုပ်ထားတဲ့ မြန်မာဖက်ရှင်ပုံစံလေးတွေလည်း ခေတ်စား
လာမယ်ထင်ပါတယ်လို့” သူရဲ့ သုံးသပ်ချက်လေးကို ပြောပြပေးခဲ့ပါတယ်။
ဒီဇိုင်နာ ကိုကျော်ရဲနိုင်ဟာ ဒီဇိုင်းပညာကို ဝါသနာ ပါပြီး ဒီဇိုင်နာပညာရပ်တွေကိုလေ့လာနေတဲ့ တက်သစ်စလူငယ်
တွေအတွက် “ ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ အဓိကကတော့ အလုပ်လုပ်တဲ့အခါ မှာ စေတနာထားရမယ်ပေါ့နော်။
Coustomer တွေစိတ်တိုင်းကျ ဖန်တီးချုပ်လုပ်ပေးနိုင်ရမယ်။ ပြီးတော့ ကိုယ့်Coustomer ရဲ့ အားသာချက်ကို
ပေါ်လွင်စေပြီး အားနည်းချက်ကိုဖုံးဖိနိုင်အောင် ဖန်တီးချုပ်လုပ်ပေးနိုင်ရမယ်ပေါ့နော်။ လေ့လာရမှာတွေကတော့
တစ်နှစ်နဲ့တစ်နှစ် မတူတဲ့ ဒီဇိုင်းတွေကိုလေ့လာရမယ်။ နိုင်ငံတကာ ဖက်ရှင်တွေကိုလေ့လာရမယ်။
ပြီးတော့ပြည်တွင်းမှာကိုယ်လေ့စားအားကျရတဲ့ ဒီဇိုင်နာတွေရဲ့ ဖန်တီးချုပ်လုပ်ပုံတွေကိုလေ့လာရမယ်။
ဒါပြင့် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းကောင်းလေးတွေလည်းရှိရပါမယ်လို့” သူရဲ့ခံယူချက်တေအပြင် လေ့လာရမယ့်
အရာတွေနဲ့ အကြံဉာဏ်တွေကိုပြောပြပေးခဲ့ပါတယ်။
Address: ရာဇဌာနီလမ်းမကြီးဘေး၊နှင်းဆီပန်းအဝိုင်းနှင့်ဘောဂသီရိကားကွင်းကြား၊ပြည့်ဖြိုးဝေတည်းခိုခန်းအနီး၊
နေပြည်တော်။
Phone: 09 957 630 277,09 797 908 365.
<<< Zawgyi ျဖင့္ဖတ္ရန္ >>>
ဒီတစ္ေခါက္မွာေတာ့ Textile ပရိတ္သတ္ႀကီးကို ဒီဇိုင္နာေက်ာ္ရဲႏိုင္နဲ႕ မိတ္ဆက္ေပးခ်င္ပါတယ္။
ဒီဇိုင္ေက်ာ္ရဲႏိုင္ ဟာဆိုရင္ ဒီဇိ္ုင္နာေလာကထဲကို ၂၀၁၃ ခုႏွစ္ကတည္းက ဝင္ေရာက္ခဲ့တာပဲျဖစ္ပါတယ္။
ကိုေက်ာ္ရဲႏိုင္ဟာ ဒီဇိုင္နာပညာ နဲ႕ပတ္သက္ၿပီး ျပည္တြင္းမွာ သင္တန္းေတြတက္ေရာက္ခဲ့သလို ျပည္ပမွာလည္း
ရက္တိုသင္တန္းေတြတက္ေရာက္ခဲ့ပါတယ္။ ကိုေက်ာ္ရဲနိင္ ဟာ ျမန္မာဝတ္စံုေတြ
Evening Gown ေတြ ဖန္တီးခ်ဳပ္လုပ္တဲ့ေနရာ မွာ အလြန္ေသသပ္လွပသူတစ္ဦးပါ။


ကိုယ္တိုင္ ဒီဇိုင္းပညာကို အစဥ္မျပတ္ေလ့လာေနသူျဖစ္ၿပီး ကၽြမ္းက်င္မႈျပည့္ဝစြာ Coustomer ေတြစိတ္တိုင္းက်
ေဆာင္ရြက္ေပးေနတာေၾကာင့္ Coustomer ေတြဆီကေန Feedback ေကာင္းေတြရရွိထားတဲ့ဒီဇိုင္နာတစ္ဦး
လညး္ျဖစ္ပါတယ္။

ကိုေက်ာ္ရဲႏိုင္ဟာ ၂၀၁၈ ခုႏွစ္တုန္းက 9 Fashion Program တစ္ခုကို ႐ိုက္ကူးခဲ့ပါတယ္။
ဒ့ါျပင္ ကိုေက်ာ္ရဲႏိုင္ဟာ Miss Universe Nay Pyi Taw ၿပိဳင္ပြဲႀကီးရဲ႕ ၿပိဳင္ပြဲဝင္ေတြအတြက္ ျမန္မာဝတ္စံုေတြနဲ႕
Evening Gown ဝတ္စံုေတြကို ႏွစ္ႏွစ္ဆက္တိုက္ စီစဥ္ခ်ဳပ္လုပ္ေပးခဲ့ၿပီး2019 Miss Crystal Angel
ၿပိဳင္ပြဲႀကီးအတြက္ လည္း Evening Gown ေတြကို စီစဥ္ေပးခဲ့ပါတယ္။


ဆက္လက္ၿပီး ဒီဇိုင္နာ ကိုေက်ာ္ရဲႏိုင္ဟာ 2020 မွာ ေခတ္စားလာ ဖက္ရွင္ ပံုစံေလးေတြနဲ႕ ပတ္သက္ၿပီး
“ 2020 မွာေတာ့ ဒီဇိုင္နာေတြရဲ႕ ကိုယ္ပိုင္ဖန္တီးမႈနဲ႕ ျပဳလုုပ္ထားတဲ့ ဖက္ရွင္ေတြ ပိုၿပီးေခတ္စားမယ္ လို႔ထင္ပါတယ္။
အေရာင္ေတြအေနနဲ႕ကေတာ့ 2019 ခုႏွစ္တုန္းက ေခတ္စားခဲ့တဲ့အေရာင္ေတြပဲ ျပန္လည္ေခတ္စားမယ္ထင္ပါတယ္။
ျမန္မာဝတ္စံုေတြအေနနဲ႕ ကေတာ့ ပုဝါအပိုင္းေလးေတြ ဆန္းသစ္လာၿပီးေခတ္စားမယ္လို႔ထင္ပါတယ္။
ဒါ့ျပင္ Handmade နဲ႕ျပဳလုပ္ထားတဲ့ ျမန္မာဖက္ရွင္ပံုစံေလးေတြလည္း ေခတ္စားလာမယ္ထင္ပါတယ္လို႔”
သူရဲ႕ သံုးသပ္ခ်က္ေလးကို ေျပာျပေပးခဲ့ပါတယ္။


ဒီဇိုင္နာ ကိုေက်ာ္ရဲႏိုင္ဟာ ဒီဇိုင္းပညာကို ဝါသနာ ပါၿပီး ဒီဇိုင္နာပညာရပ္ေတြကိုေလ့လာေနတဲ့ တက္သစ္စလူငယ္
ေတြအတြက္ “ ဒီဇိုင္နာေကာင္းတစ္ေယာက္ျဖစ္ဖို႔ အဓိကကေတာ့ အလုပ္လုပ္တဲ့အခါ မွာ ေစတနာထားရမယ္ေပါ့ေနာ္။
Coustomer ေတြစိတ္တိုင္းက် ဖန္တီးခ်ဳပ္လုပ္ေပးႏိုင္ရမယ္။ ၿပီးေတာ့ ကိုယ့္Coustomer ရဲ႕ အားသာခ်က္ကို ေပၚလြင္ေစၿပီး
အားနည္းခ်က္ကိုဖံုးဖိႏိုင္ေအာင္ ဖန္တီးခ်ဳပ္လုပ္ေပးႏိုင္ရမယ္ေပါ့ေနာ္။ ေလ့လာရမွာေတြကေတာ့ တစ္ႏွစ္နဲ႕တစ္ႏွစ္ မတူတဲ့
ဒီဇိုင္းေတြကိုေလ့လာရမယ္။ ႏိုင္ငံတကာ ဖက္ရွင္ေတြကိုေလ့လာရမယ္။ ၿပီးေတာ့ျပည္တြင္းမွာကိုယ္ ေလ့စားအားက်ရတဲ့
ဒီဇိုင္နာေတြရဲ႕ ဖန္တီးခ်ဳပ္လုပ္ပံုေတြကိုေလ့လာရမယ္။ ဒါျပင့္ ကိုယ္ပိုင္စိတ္ကူးစိတ္သန္း
ေကာင္းေလးေတြလည္းရွိရပါမယ္လို႔” သူရဲ႕ခံယူခ်က္ေတအျပင္ ေလ့လာရမယ့္ အရာေတြနဲ႕ အၾကံဉာဏ္ေတြကိုေျပာျပေပးခဲ့ပါတယ္။



Address: ရာဇဌာနီလမ္းမႀကီးေဘး၊ႏွင္းဆီပန္းအဝိုင္းႏွင့္ေဘာဂသီရိကားကြင္းၾကား၊ျပည့္ၿဖိဳးေဝတည္းခိုခန္းအနီး၊
ေနျပည္ေတာ္။
Phone: 09 957 630 277,09 797 908 365.
Myanmar Textile and Garment Directory
ဖက်ရှင်ဒီဇိုင်နာများကိုရှာဖွေရန်နှိပ်ပါ။





