(Zaw+win)Arab Fashion Council ဟာ အာရပ္ ၂၂ ႏုိင္ငံရဲ႕ဖက္ရွင္ေလာကေတြကုိ ထီးတစ္လက္တည္းေအာက္မွာ စု႐ုံးထားဖုိ႔ ရည္ရြယ္တဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။
ဘာသာေရး ျပ႒ာန္းခ်က္မ်ားေၾကာင့္ ဝတ္စားဆင္ယင္မႈေတြမွာ ျပင္းထန္တင္းက်ပ္တဲ့ ႏုိင္ငံေတြမွာ ဖက္ရွင္ေတြ ထုိးေဖာက္ေနရာယူဖုိ႔ လႈပ္ရွားေဆာင္ရြက္ေနတဲ့ အဖြဲ႕အစည္းလည္း ျဖစ္ပါတယ္။ 
ကြန္ရက္ကုိေတာ့ ေျမာက္အာဖရိကမွ ပင္လယ္ေကြ႕အထိ္ ျဖန္႔က်က္မွာ ျဖစ္ပါတယ္။
ထုတ္လုပ္မႈအပုိင္းကုိ MENA လုိ႔ အတုိေကာက္ေခၚေဝၚတဲ့ အေရွ႕အလယ္ပုိင္းေဒသနဲ႔ ေျမာက္အာဖရိက (Middle East and North Africa )တုိ႔မွာ လုပ္ကုိင္သြားမယ္။ အလုပ္အကုိင္ေပါင္း သန္း ၂ဝကုိ အမ်ဳိးသမီးေတြအတြက္ ဖန္တီးေပးထားမွာ ျဖစ္တယ္။
အက်ဳံးဝင္တဲ့ ႏုိင္ငံေတြကုိ အစုအတြဲ ၃ ခု ခြဲျခားထားမယ္။ ျပည္တြင္း စီးပြားေရးေတြရဲ႕ လုပ္ကုိင္ႏုိင္စြမ္းေတြကုိ အသုံးခ်ႏုိင္ဖုိ႔ ပုိင္းျခား သတ္မွတ္ေပးထားတာ ျဖစ္ၿပီး ဖက္ရွင္လုပ္ငန္းက႑အတြက္ ေရရွည္တည္တံ့မယ့္ အေျခခံအေဆာက္အအုံကုိ ဖန္တီးေပးမွာ ျဖစ္တယ္။ အဲဒီ အေျခခံအေဆာက္အအုံက ေဒသတစ္လႊား ျဖန္႔ခ်ထားမယ္။ 
Arab Fashion Council ကုိ ထူေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္သူ ဂ်က္ေကာ အာဗရီရမ္က ‘‘ အဲဒီနည္းနဲ႔ ကၽြန္ေတာ္တုိ႔ ႀကံဆဖန္တီးတဲ့ စီးပြားေရးေတြကုိ္ အခ်ိတ္အဆက္မိမိ လုပ္ကုိင္သြားမယ္။ ပါဝင္တဲ့ ႏုိင္ငံတုိင္းဟာ မိမိရဲ႕ အထူးတလည္ ကၽြမ္းက်င္မႈေတြနဲ႔ လမ္းသစ္ထြင္ႏုိင္ၾကလိမ့္မယ္’’ လုိ႔ ရွင္းျပပါတယ္။
ေျမာက္အာဖရိကမွ ႏုိင္ငံေတြက ကုန္ၾကမ္းေတြနဲ႔ အထည္အလိပ္ေတြကုိ သူတုိ႔မွာ ထူေထာင္ၿပီးသား ကုန္ထုတ္လုပ္ငန္းေတြနဲ႔ လုပ္ကုိင္ထုတ္လုပ္ၿပီး ေပးသြင္းဖုိ႔ လုပ္ကုိင္ၾကရမယ္။ အေခ်ာသတ္ကုိေတာ့ အီဂ်စ္၊ ေဂ်ာ္ဒန္၊ ပါလက္စတုိင္း၊လက္ဘီႏြန္ စတဲ့ႏုိင္ငံေတြ ပါဝင္တဲ့ Levant ေဒသႀကီးမွာ ရွိတဲ့ စက္႐ုံေတြမွာ လုပ္ကုိင္ၾကမယ္။ 
လက္လီေရာင္းခ်တာကုိ ပင္လယ္ေကြ႕ႏုိင္ငံေတြမွာ စု႐ုံးထားတယ္။ ႏုိင္ငံအမ်ားအျပားတုိ႔မွ ေဈးဝယ္ထြက္ၾကသူေတြ အလာမ်ားတဲ့ ဒူဘုိင္းၿမိဳ႕နဲ႔ အဘူဒါဘီ ၿမိဳ႕လုိ ၿမိဳ႕ႀကီးေတြမွာ ဆုိင္ေတြ ဖြင့္လွစ္မယ္။ MENA ေဒသႀကီးတစ္ခုလုံးကုိ စီးပြားေရး အသစ္တစ္ရပ္အျဖစ္ ဖန္တီးဖို႔ ရည္မွန္းထားတယ္။ တစ္နည္းေျပာရရင္ အဲဒီေဒသမွ ဖက္ရွင္စီးပြား အင္ပါယာသစ္တစ္ခု ေပၚေပါက္လာေစမွာ ျဖစ္ပါတယ္။
Arab Fashion Council က British Fashion Council နဲ႔ လက္တြဲေဆာင္ရြက္ဖုိ႔ သေဘာတူညီခ်က္ကုိ မၾကာေသးခင္က ရယူထားပါတယ္။ ေဒသႀကီးအတြင္း တုိးတက္ႀကီးထြားဖုိ႔ကုိ BFC က ကူညီေပးသြားမွာ ျဖစ္ၿပီး AFC က ယူေကရဲ႕ ဖက္ရွင္ေတြ ေဒသႀကီးအတြင္း ဝင္ေရာက္တာမွာ ကူညီပံ့ပုိးေပးမွာ ျဖစ္ပါတယ္။
Unicode
ဖက်ရှင်အင်ပါယာသစ်
Arab Fashion Council ဟာ အာရပ် ၂၂ နိုင်ငံရဲ့ဖက်ရှင်လောကတွေကို ထီးတစ်လက်တည်းအောက်မှာ စုရုံးထားဖို့ ရည်ရွယ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ 
ဘာသာရေး ပြဋ္ဌာန်းချက်များကြောင့် ဝတ်စားဆင်ယင်မှုတွေမှာ ပြင်းထန်တင်းကျပ်တဲ့ နိုင်ငံတွေမှာ ဖက်ရှင်တွေ ထိုးဖောက်နေရာယူဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ 
ကွန်ရက်ကိုတော့ မြောက်အာဖရိကမှ ပင်လယ်ကွေ့အထိ် ဖြန့်ကျက်မှာ ဖြစ်ပါတယ်။
ထုတ်လုပ်မှုအပိုင်းကို MENA လို့ အတိုကောက်ခေါ်ဝေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက (Middle East and North Africa )တို့မှာ လုပ်ကိုင်သွားမယ်။ အလုပ်အကိုင်ပေါင်း သန်း ၂ဝကို အမျိုးသမီးတွေအတွက် ဖန်တီးပေးထားမှာ ဖြစ်တယ်။
အကျုံးဝင်တဲ့ နိုင်ငံတွေကို အစုအတွဲ ၃ ခု ခွဲခြားထားမယ်။ ပြည်တွင်း စီးပွားရေးတွေရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို အသုံးချနိုင်ဖို့ ပိုင်းခြား သတ်မှတ်ပေးထားတာ ဖြစ်ပြီး ဖက်ရှင်လုပ်ငန်းကဏ္ဍအတွက် ရေရှည်တည်တံ့မယ့် အခြေခံအဆောက်အအုံကို ဖန်တီးပေးမှာ ဖြစ်တယ်။ အဲဒီ အခြေခံအဆောက်အအုံက ဒေသတစ်လွှား ဖြန့်ချထားမယ်။ 
Arab Fashion Council ကို ထူထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ဂျက်ကော အာဗရီရမ်က ‘‘ အဲဒီနည်းနဲ့ ကျွန်တော်တို့ ကြံဆဖန်တီးတဲ့ စီးပွားရေးတွေကို် အချိတ်အဆက်မိမိ လုပ်ကိုင်သွားမယ်။ ပါဝင်တဲ့ နိုင်ငံတိုင်းဟာ မိမိရဲ့ အထူးတလည် ကျွမ်းကျင်မှုတွေနဲ့ လမ်းသစ်ထွင်နိုင်ကြလိမ့်မယ်’’ လို့ ရှင်းပြပါတယ်။
မြောက်အာဖရိကမှ နိုင်ငံတွေက ကုန်ကြမ်းတွေနဲ့ အထည်အလိပ်တွေကို သူတို့မှာ ထူထောင်ပြီးသား ကုန်ထုတ်လုပ်ငန်းတွေနဲ့ လုပ်ကိုင်ထုတ်လုပ်ပြီး ပေးသွင်းဖို့ လုပ်ကိုင်ကြရမယ်။ အချောသတ်ကိုတော့ အီဂျစ်၊ ဂျော်ဒန်၊ ပါလက်စတိုင်း၊လက်ဘီနွန် စတဲ့နိုင်ငံတွေ ပါဝင်တဲ့ Levant ဒေသကြီးမှာ ရှိတဲ့ စက်ရုံတွေမှာ လုပ်ကိုင်ကြမယ်။ 
လက်လီရောင်းချတာကို ပင်လယ်ကွေ့နိုင်ငံတွေမှာ စုရုံးထားတယ်။ နိုင်ငံအများအပြားတို့မှ ဈေးဝယ်ထွက်ကြသူတွေ အလာများတဲ့ ဒူဘိုင်းမြို့နဲ့ အဘူဒါဘီ မြို့လို မြို့ကြီးတွေမှာ ဆိုင်တွေ ဖွင့်လှစ်မယ်။ MENA ဒေသကြီးတစ်ခုလုံးကို စီးပွားရေး အသစ်တစ်ရပ်အဖြစ် ဖန်တီးဖို့ ရည်မှန်းထားတယ်။ တစ်နည်းပြောရရင် အဲဒီဒေသမှ ဖက်ရှင်စီးပွား အင်ပါယာသစ်တစ်ခု ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။
Arab Fashion Council က British Fashion Council နဲ့ လက်တွဲဆောင်ရွက်ဖို့ သဘောတူညီချက်ကို မကြာသေးခင်က ရယူထားပါတယ်။ ဒေသကြီးအတွင်း တိုးတက်ကြီးထွားဖို့ကို BFC က ကူညီပေးသွားမှာ ဖြစ်ပြီး AFC က ယူကေရဲ့ ဖက်ရှင်တွေ ဒေသကြီးအတွင်း ဝင်ရောက်တာမှာ ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
			    
					
		  	



