What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနမှ ပိုးစာစိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးဆိုင်ရာ သင်တန်းပို့ချ

ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနမှ ပိုးစာစိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးဆိုင်ရာ သင်တန်းပို့ချ Google

          မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှေ်မျှင်ထွက် သီးနှံဌာနခွဲမှ ဦးစီးဖွင့်လှစ်ေသာ ပိုးစာစိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးဆိုင်ရာ သုတေသန ဆောင်ရွက်နည်းသင်တန်းကို ၁၅ ရက်နေ့ နံနက်ပိုင်းက ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနဌာန၌ ဖွင့်လှစ်သင်ကြားကြကြောင်း သိရသည်။

          ရှေးဦးစွာ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်လွင်ဦးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

          အဆိုပါသင်တန်းကို နှစ်ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးအသီးသီးမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဝန်ကြီးဌာနများမှ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနများရှိ ပိုးစာခြံပေါင်း ၂၀ မှ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၃၇ ဦး တက်ရောက်သင်ကြားကြောင်း သိရသည်။

Source: Myawady News

Read 1661 times
Rate this item
(0 votes)
Tagged under