What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Wardrobe Essential ဖြစ်တဲ့ Jeans ဘောင်းဘီနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တချို့

ဖက်ရှင်ကျသူတွေရဲ့ ဗီရိုထဲမှာ Essential ဖြစ်တဲ့ အရာတစ်ခုကတောဲ့Jeans ဆိုတာ အားလုံးက လက်ခံကြမယ် ထင်ပါတယ်နော်။ ဒါပေမယ့်Denim တွေနဲ့ ပတ်သက်လာပြီဆိုရင် သင်လုပ်မိ နေတဲ့ အမှားနှစ်မျိုးလောက်တော့ ရှိနေ မှာပါ။

အဲဒါတွေကတော့ ခဏခဏ လျှော်မိနေတာ ဒါမှမဟုတ် လုံးဝမလျှော်ဘဲ ထားတာ မျိုးတွေပေါ့။ ဘယ်နည်းလမ်းမျိုးကိုပဲ သင် ကျင့်သုံးမိ နေပါစေ အခုအချိန်ကစပြီး သင်တို့ ဗီရိုရဲ့ မရှိမဖြစ် အရာတစ်ခုဖြစ်တဲ့Jeansတွကို ဘယ်အချိန်တွေမှာ ဘယ် လို နည်းလမ်းတွေနဲ့ လျှော်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။Denim Brand J Brand ရဲ့ ဒီဇိုင်နာဖြစ်တဲ့ Mary Bruno ပြောပြထားတဲ့ သူမရဲ့ Jeans ဘောင်းဘီတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက် ချက်အချို့ကို တင်ဆက်ပေးရင်း နွေရာသီ အတွက်ဲနညျေ ကို ဘယ်လိုပုံစံမျိုးလေး တွေ ဝတ်နိုင်လဲဆိုတဲ့ ပုံရိပ်လေးတွေကို လည်း ဖော်ပြပေးလိုက်ပါတယ်။

၁။ အသစ်ဝယ်လာတဲ့Jeans ဘောင်းဘီ အသစ်ကို ချက်ချင်း မလျှော်ပါနဲ့

ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့Jeans ဘောင်းဘီတွေက လျှော်ပြီး အဆင်သင့်ဝတ်နိုင်ဖို့ စက်ရုံက ထွက်ထွက် ချင်းကတည်းက ပြင်ဆင်ပြီးသားဖြစ်ပါ တယ်။Rigid ဒါမှမဟုတ် Raw Jeans စတဲ့ ဘာနဲ့မှ ရောစပ်ထားခြင်းမရှိတဲ့Jeans ကို ဝယ်လိုက်ပြီဆိုရင်လည်း သူ့ လာတဲ့ အခြေအနေတိုင်း ဝတ်တာက အကောင်းဆုံးပါပဲ။

၂။Jeans တွေကို ခဏခဏ မလျှော် ခြင်းနဲ့ ထိန်းသိမ်းပါ။
Jeans အတော်များများက ဆွဲအား ကောင်းတဲ့အတွက် ပြန်ကျုံ့သွားအောင်လို့ ဆိုပြီး ထပ်ခါထပ်ခါ လျှော်စရာမလိုပါဘူး။ ဝတ်ပြီးတိုင်းလည်း မလျှော်ပါနဲ့။ ဆပ်ပြာ မှုန့်တချို့က သင့်Jeans ဘောင်းဘီတွေ ရဲ့ မူလအရောင်ကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ အတွက် အရောင်တောက်တဲ့Jeans တွေဆို မွဲသွားတာမျိုးနဲ့ အရောင်နုတဲ့Jeans တွေဆို အရောင်ပြောင်းသွားနိုင် တဲ့အတွက်ဖြစ်ပါတယ်။ လေး၊ ငါး ခါ လောက်ဝတ်ပြီး တစ်ခါလောက် လျှော်တာ ကသာ သင် တန်ဖိုးထားရတဲ့ သင့်Jeans အတွက် အကောင်းဆုံးနည်းလမ်းပါ။

၃။Jeans တွေကို ဘယ်လိုလျှော်ရမလဲ

ရေအေးနဲ့ လျှော်တာက အကောင်းဆုံး ပါတဲ့။ ရေနွေးတွေဘာတွေ မလိုအပ်ပါ ဘူး။ အဲဒါမှသာJeans အရောင်တွေ မလွင့်သွားဘဲ ကြာရှည်ခံမှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့Jeans ကောင်း ကောင်းတစ်ထည် ပြန်ရှာတွေ့ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ ကိုယ်နဲ့ အကိုက်ညီဆုံဲးနညျေ တွေကို ရေအေးလေးနဲ့ လျှော်ပြီး ထိန်းသိမ်းပါ နော်။

၎။ တခြားနည်းလမ်းတွေ

အပေါ်မှာ ပြောသွားသလို လေး၊ ငါးခါ လောက် ဝတ်ပြီးမှ တစ်ခါသာ လျှော်ရမယ် ဆိုတော့ ညစ်ပတ်မနေဘူးလားလို့ တွေး ကောင်းတွေးနေမယ် ထင်ပါတယ်။ အဲဒါ ကြောင့် သင့်ရဲ့Jeans တွေကို တစ်ခါ ဝတ်ပြီးတိုင်း ခဏလောက် နေလှန်းပေး တာ ဒါမှမဟုတ် ချိတ်လေးနဲ့ ချိတ်ထားပြီး လေသလပ်ခံပေးတာမျိုး လုပ်ပေးမယ် ဆိုရင် သင့်Jeans က သင့်ကို ကျေးဇူး တင်နေမှာပါ။

source:now magazine

Read 1085 times
Rate this item
(0 votes)