မပြခင်ကတည်းက ဒီရုပ်ရှင်မှာ ဖက်ရှင်တွေ ကြည့်ရမယ်လို့ သတင်းကြီး နေတယ်။
အဲဒီရုပ်ရှင်ဇာတ်လမ်းက စင်ကာပူရဲ့ အချမ်းသာဆုံး မိသားစုမှာ ဇာတ်အိမ်တည်ထားတယ်။
အမေရိကမှ အမျိုးသမီးတစ်ဦးက သူ့ရဲ့ အမျိုးသား မိတ်ဆွေရှိရာ စင်ကာပူကို အလည်လာတဲ့ ဟာသအချစ်ဇာတ်လမ်း။
မူရင်းဝတ္ထု Crazy Rich Asians က ဘက်စ်ဆဲလာ။
ရုပ်ရှင်ကို ဟောလီးဝုဒ်က ရိုက်တော့ အဲဒီအမည်နဲ့ပဲ ထုတ်လုပ်တယ်။
စင်ကာပူမှာ ရိုက်ကူးခဲ့တယ်။
မူရင်းစာအုပ်ကို ရေးသားသူက Kevin Kwan ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ ပထမအကြိမ် ထုတ်ဝေခဲ့တယ်။
စင်ကာပူမှာ ဖြစ်ပွားတဲ့ အာရှဇာတ်လမ်းဖြစ်ပေမဲ့ အဓိကဇာတ်ဆောင် အမျိုးသမီးနေရာမှာ အာရှသွေးပါသူအစား
လူဖြူကို သုံးခဲ့ပြီး ကန့်ကွက်သံတွေ ဆူဆူညံသွားလို့ အာရှသွေးပါတဲ့ မင်းသမီးနဲ့ ပြန်ပြောင်းပြီး ရိုက်ကူးခဲ့ရတယ်။
အာရှရဲ့ ဆွစ်ဇာလန်လို့ ပြောကြတဲ့ စင်ကာပူရဲ့ အချမ်းသာဆုံးမိသားစုဆိုတော့ ဇာတ်ဝင်ခန်းတွေမှာ ၀တ်စားထားတာတွေကို
စိတ်ဝင်တစား ဖြစ်ကြတယ်။ ဘာတွေများ ဘယ်လောက်တောင် ၀တ်စားထားသလဲဆိုတာ သိချင်ကြတယ်။ မူရင်းဝတ္ထုမှာလည်း
စာရေးသူ Kevin Kwan က ပရီမီယံဖက်ရှင်ထည်တွေကို တစ်ထည်ပြီးတစ်ထည် ထည်လဲ ၀တ်ပေးပြီး ရေးသားထားတယ်။ အခု ဇာတ်ဝင်ခန်းနဲ့
ဖက်ရှင်ထည်တွေရဲ့ ပုံအချို့ကို ရှာဖွေစုဆောင်းပြီး တင်ပြထားပါတယ်။