မိုးရာသီရောက်လာပြီဆိုရင်တော့ မိုးရေစိုတော့ ဂျင်းဘောင်းဘီကို အရမ်းရှည်တာတွေဝတ်တာထက် နည်းနည်းအပေါ်ရောက်တာတွေဝတ်တာက ပိုပြီးအဆင်ပြေစေမယ်လို့ ထင်ပါတယ်။
ဒီလိုဂျင်းဘောင်းဘီလေးတွေကို မိုးရာသီနဲ့လိုက်ဖက်တဲ့ အင်္ကျီလေးတွေနဲ့ တွဲဝတ်မယ်ဆိုရင် ဖက်ရှင်လည်းကျပြီး ဝတ်ရတာလည်း အရမ်းအဆင်ပြေစေမှာပါ။
Hoodie

မိုးရာသီမှာ Hoodie လေးတွေကို ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာ အလိုက်ဖက်ဆုံးပါပဲ။ ဒါ့အပြင် အောက်ကနေ T Shirt လေးတွေဝတ်ပြီး အပေါ်ကနေမှ Hoodie လေးတွေ ထပ်ဝတ်လို့လည်း ရပါသေးတယ်။ ဒီဖက်ရှင်လေးဆိုရင် မိုးရာသီနဲ့အရမ်းကိုလိုက်ဖက်မှုရှိစေတဲ့ ဖက်ရှင်လေးပါ။
ပန်းပွင့်အင်္ကျီတွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်များ
Bomber Jacket

Bomber Jacket လေးတွေကလည်း မိုးရာသီမှာနဲ့ ဆောင်းရာသီမှာ အရမ်းကိုလိုက်ဖက်တဲ့ဖက်ရှင်လေးပါ။ မိုးအရမ်းရွာတဲ့နေ့တွေမှာဆိုရင် Bomber Jacket လေးက အဆင်ပြေစေမှာပါ။ ဂျင်းဘောင်းဘီရှည်နဲ့လည်းတွဲဝတ်လို့ရသလို၊ အတိုလေးတွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။
Sweater

အခုနောက်ပိုင်းမှာတော့ Sweater တွေကလည်း ဒီဇိုင်းမျိုးစုံပေါ်နေတာဖြစ်လို့ မိုးရာသီအတွက် ဝယ်စုထားသင့်တယ်နော်။ Sweater လေးတွေဆိုရင် ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။ မိုးရာသီနဲ့လည်း အဆင်ပြေစေတဲ့ဖက်ရှင်လေးပါ။
Shirt, Flannel


Shirt အင်္ကျီလက်ရှည်လေးတွေနဲ့ Flannel အင်္ကျီလေးတွေကလည်း မိုးရာသီနဲ့လိုက်ဖက်တဲ့ဖက်ရှင်လေးပါ။ မိုးသိပ်မရွာတဲ့နေ့တွေမှာဆိုရင် ဂျင်းဘောင်းဘီအရှည်လေးကိုပဲဖြစ်ဖြစ်၊ ဂျင်းဘောင်းဘီအတိုလေးကိုပဲဖြစ်ဖြစ် Shirt အင်္ကျီလက်ရှည်လေးတွေနဲ့တွဲဝတ်လို့ရသလို၊ Flannel လေးတွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။
Tee


မိုးသိပ်မရွာတဲ့နေ့တွေမှာဆိုရင်တော့ အနွေးထည်တွေ၊ အင်္ကျီလက်၇ှည်တွေမဝတ်ချင်ရင် Tee လေးတွေဝတ်လို့ရပါတယ်။ တခြားအင်္ကျီတွေကျတော့ မိုးရေစိုသွားရင် ကြည့်ရဆိုးစေပါတယ်။ Tee ပြောင်လေးတွေ၊ ဒါမှမဟုတ် Graphic Tee လေးတွေကို ဂျင်းဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်လို့ရသလို၊ ဂျင်းဘောင်းဘီတိုလေးတွေနဲ့လည်း တွဲဝတ်နိုင်ပါတယ်။
Source:we media





