သင်စိတ်ကူးအတွေးတွေထဲကနေ ပုံဖော်ဖန်တီးလိုက်တဲ့ ဖက်ရှင်ဟာ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတဲ့လက္ခဏာပါပဲ။
ဒါဟာ အလွန်မှန်ကန်ပါတယ်။ သင်ရဲ့စိတ်ဆန္ဒအရ ရွေးချယ်လိုက်တဲ့ ဖက်ရှင်အရာတွေထဲကနေ သင့်ကို ရောင်ပြန်ဟပ်စေလိမ့်မယ်။လူအများစုဟာ နေရာတိုင်းမှာ ကြည့်ကောင်းစေပြီး စတိုင်ကျစေဖို့ လိုချင်ကြပါတယ်။ ဒါဟာ ပုံမှန်ဖြစ်နေကျအရာပါပဲ။ အခုပြောပြပေးမယ့်အရာတွေက သင့်အတွက်အသုံးဝင်စေပါလိမ့်မယ်။
သင့်ရဲ့အဝတ်အစားစတိုင်
ဘယ်လိုဝတ်စုံအမျိုးအစားတွေက သင့်ရဲ့စတိုင်နှင့် ကိုယ်ရည်ကိုယ်သွေးတွေကို မကြာခဏ ညွှန်ပြနေပါတယ်။ သပ်သပ်ရပ်ရပ်နှင့် စတိုင်ကျအောင် ဝတ်ဆင်တတ်ဖို့လိုအပ်တယ်။ စတိုင်ကျတာထက် မိမိကိုယ့်ကို တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ ကိုယ့်သွားမယ့်နေရာဒေသကို လိုက်ပြီး မှန်ကန်အောင်ရွေးချယ်ဝတ်ဆင်ပါ။ accessories အများကြီးထက် ရိုးရှင်းတဲ့ ဆွဲကြိုး သို့မဟုတ် နားကပ် တစ်ခုကိုသာ ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။
လုပ်ဆောင်မှုတိုင်းဟာ သင့်ရဲ့ကိုယ်ပိုင်ဟန်ပါပဲ
တစ်ခြားသူများနဲ့မတူကွဲပြားအောင် သင့်ရဲ့ထူးခြားတဲ့ ဖက်ရှင်အရာတွေကို ပေါင်းစပ်ပြီး ပရော်ဖက်ရှင်နယ် တစ်ယောက်ကဲ့သို့ ပုံဖော်ဖန်တီးလိုက်ပါ။ အောက်မှာဖော်ပြပေးထားတဲ့ အရာတွေနဲ့အတူ သင့်ရဲ့ကိုယ်ပိုင်စတိုင် ကိုရွေးချယ်နိုင်ပါတယ်။
1.classic ဆန်တဲ့ ဝတ်စုံ
2.ဖန်တီးနိုင်စွမ်းရှိတဲ့ပုံစံ
3.ထူးခြားဆန်းသစ်လှတဲ့ဒီဇိုင်း
4.Elegant ဝတ်စုံ
5.မိန်းမဆန်တဲ့ dress
6.ပေါ့ပါးပြီး ရိုးရှင်းတဲ့ outfit
7.ခပ်မိုက်မိုက်အဆင်
ဒီပဟဠေိတွေရဲ့အဆုံးမှာ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ရှာဖွေ့တွေ့ရှိပါလိမ့်မယ်။
Author:TDA