အရာအားလုံးဟာ လည်ပတ်နေသလိုပဲ ဖက်ရှင်ကလည်း တသမတ်ထဲမရှိဘဲ အမြဲတမ်းပြောင်းလဲနေပါတယ်။
အခု ကျွန်မတို့ ဝတ်ဆင်နေတဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ ဆိုရင် လွန်ခဲ့တဲ့ခေတ်တွေထဲက ဝတ်ဆင်ခဲ့ကျပြီး ယခုအခါမှာ တစ်ကျော့ပြန်လည် ခေတ်စားလာတာပါ။
၁။ ကုတ်အင်္ကျီကို 1940ခုနှစ်ကနေစပြီး ဝတ်ဆင်လာကြတယ်။ 1901ခုနှစ်ကဗြိတိသျှစစ်တပ်ဝန်ကြီးဌာနက စစ်သားတွေဝတ်ဆင်ဖို့အတွက် အတည်ပြုခဲ့ပြီး အဲ့အချိန်ကနေစပြီး ကုတ်အင်္ကျီဟာ ကမ္ဘာမှာ ပထမဦးဆုံးဖက်ရှင်အဖြစ် ထင်ရှားလာခဲ့တယ်။ ပထမကမ္ဘာစစ်ပြီးနောက်မှာ ကုတ်အင်္ကျီဒီဇိုင်းအမျိုးမျိုးပြောင်းလဲလာခဲ့တယ်။ 40ရာစုနှစ်တွေနဲ့ 60ရာစုတွေမှာတော့ ရုပ်ရှင်ထဲမှာ အများအပြား ဝတ်ဆင်လာကြတယ်။
၂။ ညအိပ် ဂါဝန်ရှည်ကို 1990ခုနှစ်ကနေ စတင်ဝတ်ဆင်လာပါတယ်။ ဒီလို ပြောင်ချော်ချော်အသားတွေကို ယခုနောက်ပိုင်းမှာတော့ ပါတီပွဲသွားတဲ့အခါတွေမှာ ဝတ်ဆင်ကြတယ်။ လွန်ခဲ့တဲ့ နှစ်ဆယ်ရာစုကနေ ယနေ့ထိ ဖက်ရှင်ချစ်သူများအတွက် ကြိုက်နှစ်သက်ဆုံးဖက်ရှင်အဖြစ် ကျန်ရစ်နေတုန်းပါပဲ။
၃။ Choker တွေဟာ 2000ခုနှစ်မှာ စတင်လာကြတယ်။ ယခုခေတ်အနုပညာရှင်တွေတော်တော်များများ accessories တစ်ခုအနေနဲ့ ဝတ်ဆင်လာကြတာကို တွေ့ရမှာပါ။
၎။ အင်္ကျီလက်အတွန့်တွေက 19ရာစုကနေ စတင်လာခဲ့တယ်။ ဒီလိုချစ်စရာကောင်းတဲ့ အင်္ကျီအတွန့်လေးတွေဟာ တစ်ကျော့ပြန်ခေတ်စားလာတယ်။ 1920 နှင့် 2000 ခုနှစ်တွေမှာ လူကြိုက်များခဲ့ပြီး ယခင်ရာစုနှစ် ဖက်ရှင်မင်းသမီးတွေကြားမှာလည်း ပိုမို ကြိုက်နှစ်သက်ခဲ့တယ်။
၅။ ခေါင်းလောင်းဘောင်းဘီတွေကို 2000ခုနှစ်ကနေ စတင်ဝတ်ဆင်လာကြတယ်။ အခုအခါမှာ culottes ပုံစံအနေနဲ့ အလွန်ခေတ်စားပြီး လူကြိုက်အများဆုံးဘောင်းဘီဖြစ်ပါတယ်။
၆။ ဆံပင်ကုတ်ဝဲလေးတွေဟာ 1990မှာ စတင်ခေတ်စားလာပြီး လူကြိုက်အများဆုံးဖြစ်လာတယ်။ အခုနောက်ပိုင်းမှာတော့ နည်းနည်းအရှည်ကိုမှ wave ပုံစံလေးတွေခေတ်စားလာပါတယ်။
၇။ 1930ခုနှစ်မှာ midi စကပ်တွေကို စတင်ဝတ်ဆင်လာတယ်။ mini နှင့်maxi စကပ်တွေကိုလည်း ဝတ်ဆင်ကြပင်မဲ့ midi စကပ်ကတော့ လူအများ အနှစ်သက်ဆုံးပါပဲ။ လွန်ခဲ့တဲ့ 80နှစ်လောက်တွေထဲက လူကြိုက်အများဆုံးဖြစ်ခဲ့တယ်။
၈။ 1990လောက်ထဲက ဂျင်းဘောင်းဘီအောက်နားကိုခေါက်တာတွေ ခေတ်စားပြီး ဒါကို ပိရမစ်လို့ ခေါ်ခဲ့ကြတယ်။ ယနေ့ဖက်ရှင်ရေစီးကြောင်းမှာ ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီတွေကို အောက်နား ခေါက်ပြီး ဝတ်ဆင်လာကြတာဟာ ရေပန်းစားလာတယ်။
၉။ ထိပ်ချွန်ဒေါက်ဖိနပ်တွေဟာ 2000မှာစတင်ပေါ်လာတယ်။ ဖက်ရှင်တစ်ခုအနေနဲ့ အထင်ကရဖြစ်လာခဲ့ပါတယ်။ 2017မှာ တစ်ဖန် ရေပန်းစားလာပြီးတော့ စတိုင်ကျပြီး လှပကြော့ရှင်းနေဆဲပါပဲ။
Author:TDA