What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှပ်ဖြူ

အမျိုးသမီးတွေ ကြုံရတဲ့ ပြဿနာတစ်ခု ရှိတယ်။
ဘာအရောင်တွေ ၀တ်ရင်ကောင်းမလဲ မစဉ်းစားချင်တဲ့ နေ့တွေ ရှိတယ်။
နေ့တိုင်း အရောင်ပါတာတွေချည်း ၀တ်နေရတာ ရိုးနေပြီ။


အဲဒီလို နေ့ရက်တွေမှာ ထုတ်ဝတ်ဖို့ အဖြူရောင် ရှပ်အင်္ကျီလက်ရှည် ရှိထားသင့်တယ်။
အမျိုးသားတွေ ၀တ်တဲ့ ကော်လံပါ ရှပ်အကျီလက်ရှည်ဟာ အဖြေတစ်ခုပါပဲ။

ဘာဝတ်ရင်ကောင်းမလဲဆိုတာ တကယ်တော့ အ၀တ်အစားကို ရွေးနေတာ ဖြစ်ချင်မှ ဖြစ်မယ်။ ကိုယ့်ဝတ်ဆင်ထားတာကို သူများတွေက ဘယ်လိုမြင်မလဲဆိုတာအရ ရွေးချယ်နေတာ ဖြစ်နေမယ်ဆိုရင် လွယ်လွယ်ကူကူ ရှပ်အင်္ကျီအဖြူ လက်ရှည်ကို ၀တ်ဆင်ပြီး ဖြေရှင်းနိုင်တယ်။

ခေတ်ရေစီးကြောင်းတွေမှာ ဂျင်းဘောင်းဘီရယ်၊ ရှပ်အင်္ကျီအဖြူလက်ရှည်ရယ် အဲဒီနှစ်ခုက ဘယ်တော့မှ ခေတ်နောက်ကျ မကျန်ရစ်ဘူး။ အဖြူရောင် ရှပ်အင်္ကျီ သန့်သန့်ပြန့်ပြန့်ကို စတိုင်ကျကျ ၀တ်လို့ရတယ်။

1731

 

ရှပ်အင်္ကျီ အပေါ်ဆုံးက ကြယ်သီး တစ်လုံးနှစ်လုံး ဖြုတ်ထားပြီး ကပိုကရိုလေး ၀တ်လို့ရတယ်။ အောက်ဆုံးက ကြယ်သီးတွေဖြုတ်ပြီး အစနှစ်ခြမ်းကို ခါးနေရာမှာ အထုံးလှလှတစ်ခု ထုံးလိုက်ပြီး ၀တ်လို့ရတယ်။ ဂျင်းဘောင်းဘီထဲ ထည့်ဝတ်လို့ ရသလို အပြင်ထုတ်ထားပြီးတော့လည်း ၀တ်လို့ရတယ်။ အဖြူရောင် ရှပ်အင်္ကျီဟာ စကပ်အရောင် အမျိုးမျိုးနဲ့ လိုက်ဖက်ညီတယ်။
လက်ရှည်ကို လက်ကောက်ဝတ်မှာ ကြယ်သီးတပ်ပြီး ကျကျနန သေသေသပ်သပ် ၀တ်လို့ရတယ်။ လက်ကို လက်သုံးလုံးလောက် အကျယ်ရှိအောင် အထပ်ထပ် ခေါက်တင်ပြီး ၀တ်လို့ရတယ်။ လက်ဖျံအထိပဲ ခေါက်ပြီး ၀တ်လို့ရသလို တံတောင်ဆစ်အပေါ်ဘက် ရောက်တဲ့အထိ ခေါက်ပြီး ၀တ်ရင်လည်း ရတယ်။ နောက်တစ်မျိုးက တစ်တောင်ဆစ်နားအထိ ခေါက်ပြီးမှ အင်္ကျီလက်ကို တံထောင်ဆစ် အထက်အထိ ရောက်အောင် ဆွဲတင်ပေးထားလိုက်တာ ဖြစ်ပါတယ်။ လက်မောင်းနေရာမှာ လှိုင်းလေးတွေ မညီမညာ အရစ်အရစ်ဖောင်းထနေတာကိုက စတိုင်ကျတာ ဖြစ်ပါတယ်။

2006

 

ဒီတော့ ရွပ္အက်ႌကေတာ့ ဒီရွပ္အက်ႌပဲ။ ဒါပေမဲ့ စတိုင်အမျိုးမျိုး ထုတ်လို့ရနေတယ်။
ရှပ်အင်္ကျီအဖြူလက်ရှည်မှာ နောက်ထပ် စတိုင်ထုတ်ပုံတစ်မျိုးကတော့ ကြယ်သီးတွေကို သုံးစွဲတာ ဖြစ်ပါတယ်။ အဖြူရောင်အောက်ခံမှာ နီနီရဲရဲ ကြယ်သီးတွေ တပ်ထားတာဟာ အမြင်ဆန်းစေတယ်။ ရှပ်အင်္ကျီအဖြူတွေမှာ ကြယ်သီးအမျိုးမျိုးသုံးပြီး ဖက်ရှင်စတိုင်အမျိုးမျိုး ဖြစ်အောင် လုပ်လို့ရတယ်။
လက်သည်းနီဆိုးထားတဲ့ လက်သည်းခွံနီနီပုံ ကြယ်သီးနဲ့ စတိုင်ဖမ်းထားတာမျိုးရှိတယ်။

2355

 

fakenailshirthome

ရှပ်အင်္ကျီရဲ့ ရင်ဘတ်မှာ ဘယ်ရောညာရော အိတ်ထောင်မပါတာမျိုးကို ၀တ်သင့်တယ်လို့ အကြံပြုပါတယ်။ အမျိုးသားတွေမှာ ရင်သားမရှိလို့ အိတ်ထောင်တပ်ထားတာ ပြဿနာ မရှိပေမဲ့ အမျိုးသမီးတွေမှာတော့ ရင်သားမို့မို့ ရှိနေတာမို့ အိတ်ထောင်မပါသင့်ဘူး။ အဲဒီနေရာမျိုးမှာ ကိုယ့်အမည် အစအက္ခရာကို ပန်းအလှထိုးတာမျိုးကိုလည်း မလုပ်သင့်ဘူး။ ရှပ်အင်္ကျီအဖြူက ဗြောင်ဖြစ်နေမှ ကြည့်ရတာ အမြင့်တင့်တယ်ပါလိမ့်မယ်။

monroe

Read 1110 times
Rate this item
(0 votes)