Cie Denim က ဘောင်းဘီကို ဇောက်ထိုးဝတ်ထားသလို ဖြစ်နေတဲ့ ဒီဇိုင်းဆန်းဖြင့် ဂျင်းဘောင်းဘီတွေ ထုတ်လုပ် ရောင်းချလိုက်ပါတယ်။
ဇောက်ထိုးဂျင်းဘောင်းဘီ အတိုတစ်ထည်ကို ၃၈၅ အမေရိကန်ဒေါ်လာဖြင့် ရောင်းချပြီး အရှည်ကိုတော့ ၅၀၀ အမေရိကန်ဒေါ်လာဖြင့် ရောင်းချပါတယ်။
ဂန္ထ၀င် ဂျင်းဘောင်းဘီကို ခေတ်ဆန်းဖြစ်အောင် လုပ်ပေးထားတာလို့ ဆိုပါတယ်။
ဇောက်ထိုး ဂျင်းဘောင်းဘီကို အင်တာနက်မှာ စိတ်ဝင်တစား ဖြစ်ကြတယ်။ ၀တ်ချင်ကြသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဇောက်ထို ဂျင်းဘောင်းဘီ ဒီဇိုင်းတွေကို “Nancy” “Will” “Mike” “El” နဲ့ “Lucas” လို့ အမည်အသီးသီး ပေးထားပါတယ်။
စုစုပေါင်း ဒီဇိုင်း ၅ မျိုး ထုတ်လုပ်ပေးထားပါတယ်။
Cie Denim ဆိုတဲ့ brand ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှာ စတင်ခဲ့တာဖြစ်ပြီး တစ်ဖန်ပြန်လည်သုံးစွဲရေးကို အသုံးပြုထားပါတယ်။
ဝတ်ပြီးသား ဂျင်းဘောင်းဘီ အဟောင်းတွေကို တစ်ထည်ချင်း စိတ်ကြိုက်ရွေးချယ်ပြီး ယခုလို ဇောက်ထိုးဖြစ်အောင် ပြင်ဆင်ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။
EL
Lucas
Mike
Nancy
Will