ဂါဂရာချိုလီ၊ လာဟံဂါချိုလီ စသဖြင့် ခေါ်ကြတဲ့ အိန္ဒိယရိုးရာဝတ်စုံဟာ ယခုအခါ ဂလိုဘယ်လိုင်ဇေးရှင်းကြောင့် နိုင်ငံတကာဖက်ရှင်အဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။ ဖက်ရှင်ဒီဇိုင်းထွင်သူတွေကလည်း အမျိုးမျိုး ထွင်ကြတယ်။ ဈေးကြီးတာတွေလည်း ပါတယ်။အရမ်းလှတာတွေလည်း ပါတယ်။ လက်လှမ်းမီရင် ၀ယ်ဝတ်လိုက်ချင်တာတွေလည်း ပါမယ်။
၁. အခုတွေ့ရတာ ချိုလီတိုတိုကို လာဟံဂါစကပ်နဲ့ တွဲထားတဲ့ အလန်းဒီဇိုင်းဖြစ်ပါတယ်။ ပိုးထည်အကြမ်းသားအနက်ရောင်ကို
ပန်းအလှတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထိုးပေးထားတယ်။ အောက်အနားနဲ့ ခါးစည်းတို့မှာ အကြိမ်ကြိမ်ပြန်ကျော့တဲ့နည်းကို သုံးထားတယ်။ ပုံတစ်ပုံကို ပတ်ပတ်လည် အကြိမ်ကြိမ် ပြန်သုံးတဲ့အခါ ပြေပြစ်ဖို့ လိုတယ်။ ထိုးထိုးထောင်ထောင် ထောင်တက်လိုက် ပြန်ကျလိုက် ဒီဇိုင်းမျိုးကို ဒီလိုနည်းမှမသုံးရဘူးလို့ မှတ်သားဖူးပါတယ်။ ကျည့်ရဆိုးပြီး အကျည်းတန်နေစေတယ် မဟုတ်လား။ ခါတိုအင်္ကျီကို ပန်းအလှအပြည့်ထိုးပေးပြီး တင့်တင့်တယ်တယ်ဖြစ်အောင် လုပ်ပေးထားတယ်။ ဘာမှမပါတဲ့ ဗြောင်သာဆိုရင် ပေါပေါလောလာ ဆန်သွားမှာ သေချာတယ်။
ခါးတိုအင်္ကျီချိုလီအပေါ်မှာ ဆာရီခြုံလိုက်ရင် အလှပေါ် အယဉ်ဆင့်သွားမှာ သေချာပါတယ်။ လည်ပင်းနဲ့ ရင်အထက်ပိုင်းအလှ ကျော့ရှင်းနေတာကို ပြသပေးနေမှာ ဖြစ်ပါတယ်။ အမြင်ရိုင်းနေမှာစိုးရင်တော့ ဇာပါးပါးလေး ခြုံသင့်တဲ့ ဒီဇိုင်းမျိုးပါ။
၂. အခုဖက်ရှင် ဒီဇိုင်းကတော့ ကျောသားအလှကို ဖောက်ျူးတယ်။ ဒိုင်းမွန်းပေါက် ခပ်ကြီးကြီးပါနေတာကို အ၀တ်ပေါ်က ရွှေပွင့်ကလေးတွေနဲ့ တင့်တယ်အောင် မြှင့်တင်ပေးထားတယ်။ လှမှလှ ဖြစ်သွားစေတယ်။
အခုလို ကျောပြောင်ဖြစ်နေတာမို့ နှားခေါင်းရှုံ့ခံရဇာပါးပါမှာစိုးရင် ဇာပါးပါးတစ်ထည်အပေါ်က လွှမ်းထားနိုင်ပါတယ်။
၃. အနက်ရောင် ဘလောက်စ်တိုတိုကို ရွှေချည်ထိုးနဲ့ အလှဆင်ပြီး ပင့်တင်ပေးထားတယ်။ခြံလွှာပုဝါကအစ ရွှေချည်ထိုးပေးထားတယ်။ အပေါ်ပိုင်းကို အနက်ခံ၊ အောက်ပိုင်းကို အဖြူခံ အဖြူအဆည်း ဆန့်ကျင်ဘက်အရောင်နှစ်ခုကို ဒဲ့တွဲပေးထားတယ်။
ရိုးရာနဲ့ ခေတ်ဆန်ခြင်း နှစ်မျိုးကို လှတပတ တွဲစပ်ထားတဲ့ ဒီဇိုင်းဖြစ်သွားစေတယ်။
၎. သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့သူတွေ စခဲ့တယ်လို့ ဆိုကြတဲ့ အနကာလီကုတ်အင်္ကျီရှည်ကို လင်ဂါဟာနဲ့ တွဲပြီး ၀တ်ထားတာ ဖြစ်ပါတယ်။ ပိုးထည်သားအကြမ်းအထူကို အရောင်ဗြောင်နှစ်ရောင်ဖြင့် တွဲဘက်ပေးထားလို့ ခန့်ထည်နေစေတယ်။
၅. အပေါ်ပိုင်းမှာ အသားရောင် nude colour ဇာသားပါးပါးအင်္ကျီလက်ရှည်မှာ ရွှေချည်ထိုးပြီး အလှဖော် ပိတ်ကာပေးထားတယ်။
အောက်ပိုင်းမှာတော့ အဖြူထည်ပေါ် ရွှေချည်ထိုးထားတယ်။ လှိုင်းကြက်ခွပ်လေးတွေ ထနေတာကို အပေါ်ကနေ အောက်ကို သဘာဝကျကျ စီးကျပေးထားတယ်။ အခုလို ဒီဇိုင်းထုတ်ပေးထားတဲ့ အလှတွေ ပေါ်လွင်စေဖို့ ဆံပင်ကို ချပ်ချပ်ရပ်ရပ် လုပ်ပြီး ဖျောက်ပေးထားဖို့ လိုပါတယ်။
နန်းအိမ့်ကျော်