What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထာကျကျ ဝတ်ဆင်နိုင်မယ့် T-shirt ဖက်ရှင် ဒီဇိုင်းများ

T-shirt ဟာဆိုရင် အမျိုးသားရော အမျိုးသမီးပါ ကြိုက်နှစ်သက်ကျပြီး ရာသီမရွေး ပေါ့ပါး လွတ်လပ်စွာ ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်တစ်ခုဆို မမှားပါဘူး။သင့်ရဲ့ အဝတ်ဗီရို ထဲမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ အရာပါပဲ။

ဒါပေမဲ့ T-shirt ကိုဘယ်လိုစတိုင်ကျအောင် ဝတ်ဆင်ရမလဲ ဆိုတာလဲ အရေးကြီးပါတယ်။ ဒါကြောင့်မို့ t-shirt ကို ဘယ်လို ဖက်ရှင်ဒီဇိုင်းတွေနဲ့ တွဲဖက်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။

1.T-shirt with Statement Jewelry

1
t-shirt ကိုတော့ သင်နှစ်သက်တဲ့ လက်ဝတ်ရတနာတွေနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင်ပြီးပြည့်စုံတဲ့ outfit တစ်ခုဖြစ်သွားမှာပါ။

2.T-shirt with Leather Jacket

2
တီရှပ်ပေါ်မှာ leather jacket သာ ဝတ်ဆင်လိုက်မယ် ဆိုရင် သင်ဟာ စတိုင်ကျပြီးမိုက်နေမှာ အမှန်ပါပဲနော်။

3.T-shirt with cropped skinny jeans

3
t-shirt နဲ့ skinny jean ကတော့ အလိုက်ဖက်ဆုံး ဖက်ရှင်တစ်ခုပါပဲ။တကယ်လို့ သင်အပြင်ထွက်တဲ့အခါ ဘာဝတ်ရမလဲလို့ စဉ်းစားရခက်နေရင်တော့ ဒီလိုလေးသာ ဝတ်သွားလိုက်နော်။

4.T-shirt with Midi skirt

4
midi skirt ထဲကို တီရှပ်လေးထည့်ပြီး ဝတ်လိုက်မယ်ဆိုရင်တော့ သင်ဟာချစ်စရာကောင်းတဲ့ သူတစ်ယောက်ဖြစ်နေမှာပေါ့။

5.T-shirt with Denim Jacket

15
denim နှင့်အတူ sneaker ဖိနပ်လေးနဲ့သာ တွဲစီးလိုက်ရင်တော့ ပြောနေစရာတောင် မလိုပါဘူး။ သင်ဖက်ရှင်ကျနေမှာအမှန်ပဲ။

6.T-shirt with White Pointy-toe Heels

6
တီရှပ်ကို အဖြူရောင်ဒေါက်မြင့်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် သင်ဟာ စမတ်ကျကျဖြစ်နေမှာပါနော်။

7.T-shirt with Floppy Hat

7
floppy hat နဲ့ဆိုရင် စတိုင်ကျပြီး လန်းနေမှာနော်။

8.T-shirt with Bomber Jacket

8
မိုးရွာတဲ့နေ့လေးမှာ t-shirt နဲ့ bomber jacket လေးသာ ဝတ်ဆင်လိုက်ရင် သင်ဟာမိုးရေထဲမှာ အထာကျနေမှာပဲလေ။

9.T-shirt with Black skinny jeans

11
အရောင်တောက်တောက် t-shirt တွေကို black skinnyနဲ့အတူ ရွေးချယ်လိုက်မယ်ဆိုရင် လူအများကြားမှာ ပေါ်လွင်နေမှာပါ။

10.T-shirt with Plaid Button-Down Blouse

10
ဒါကတော့ ပေါ့ပါး သွက်လက်တဲ့ ဖက်ရှင်စတိုင်တစ်ခုပါပဲ။

ခုပြောပြပေးတဲ့ t-shirt ဖက်ရှင်လေးတွေကို ကြည့်ပြီး အလန်းစားရှိုးထုတ်လို့ ရပြီနော်။

Read 1475 times
Rate this item
(1 Vote)