What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခရီးသွားရာမှာ ဖက်ရှင်ကျပြီး ပေါ့ပါးနေစေမယ့် Crossbody Bag များ

လူတော်တော်များများက အားလပ်ရက်ရပြီဆိုတာနဲ့ သူသူငါငါ ခရီးတွေထွက်ကာ စိတ်အပန်းဖြေကြပါတယ်။ ဒီလိုခရီးတွေထွက်တဲ့အခါမှာ လေးလံတဲ့အထုပ်ပိုးတွေ သယ်ပိုးနေရတယ်ဆို ဘယ်လိုမှ ပေါ့ပါးလန်းဆန်းနေနိုင်မှာ မဟုတ်ပါဘူး။

တတ်နိုင်သမျှ လိုအပ်တဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းလေးတွေသာ ပါအောင်ထည့်ပြီးသွားရင် ခြေလှမ်းတိုင်းက ပေါ့ပါးသွားလက်နေပြီး ဝေးဝေးသွားနိုင်မှာအမှန်ပါပဲ။ အမျိုးသမီးအများစုက ထည့်စရာတွေများလွန်းတဲ့အတွက် အိတ်အကြီးကြီးတွေကို ကိုင်လေ့ရှိပေမယ့် ခရီးသွားတဲ့အချိန်မှာတော့ အိတ်အကြီးကြီးတွေက ခရီးတွင်အောင်အထောက်အကူမပြုတဲ့အပြင် ပင်ပန်းနွယ်နယ်မှုပိုဖြစ်အောင် တွန်းအားပေးနေသလိုပါပဲ။ ဒါကြောင့် ခရီးသွားနေစဉ်အတွင်းမှာ ပေါ့ပါးပါးပါးရှိပြီး သယ်ရပိုးရလွယ်ကူတဲ့ Crossbody Bag လေးတွေကို ရွေးချယ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Crossbody Bag တွေ အများကြီးရှိတဲ့အထဲက ကိုယ်နဲ့အဆင်ပြေရာကို ရွေးချယ်နိုင်ဖို့အတွက် ဒီ ဒီဇိုင်းလေးတွေကို ရွေးချယ်နိုင်တယ်နော်။

Rough and Tumble Vintage Travel Bag

6
Eco System ကို နှစ်သက်မြတ်နိုးသူတိုင်း ဒီ Brand ကိုသိကြသလို ခရီးထွက်တဲ့အခါမှာ ပြီးပြည့်စုံတဲ့ အိတ်တစ်လုံးလည်းဖြစ်ပါတယ်။ လက်တွေ့အသုံးဝင်တဲ့ အိတ်လည်းဖြစ်သလို လွယ်ထားတဲ့အခါမှာလည်း စတိုင်လ်ကျတဲ့ အိတ်ဖြစ်လို့ ခရီးထွက်ရင် ဒီအိတ်လေးကို လွယ်ဖို့မမေ့နဲ့နော်။

Mobile Mini Bag

11
တောင်တက်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ခြေကျင်လျှောက်ပြီး ခရီးသွားရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ဘာမှမသယ်ချင်ရင်တောင် ဖုန်း၊ ပိုက်ဆံ၊ Credit Card နဲ့ တစ်ရှူးစတာလေးတွေကိုတော့ သယ်ချင်ကြပါတယ်။ ဒါတွေကိုထည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်နိုင်တဲ့အိတ်ကိုရှာနေရင်တော့ အခြားအိတ်တွေကို စဉ်စားမနေဘဲ Mobile Mini Bag လေးကိုသာ ပြေးမြင်လိုက်ပါ။

Vera Bradley Waterproof Washable Purse

3
Vera Bradley Brand ကတော့ Functional Bag တစ်ခုဖြစ်ပြီး လူကြိုက်များတဲ့ အိတ်တစ်ခုပဲဖြစ်ပါတယ်။ ချည်သားနဲ့ထုတ်ထားတာဖြစ်ပြီး ရေလျှော်လို့ရတဲ့အပြင် ရေစိုလည်းခံလို့ လူကြိုက်များနေရခြင်ြး့ဖစ်ပါတယ်။ တကယ်လို့ ကမ်းခြေတို့ ရေကူးကန်ပါတဲ့ နေရာမျိုးနဲ့သင်္ကြန်တွင်းမှာ ခရီးသွားမယ်ဆိုရင် ဒီအိတ်မျိုးကို ရွေးသင့်ပါတယ်။ ရေစိုသွားရင်လည်း ပြန်လျှော် အခြောက်ခံပြီး ပြန်သုံးလို့ရတဲ့အတွက် အိတ်အတွက် ခဏခဏ ငွေကြေးကုန်ကျစရာမလိုတော့ပါဘူး။ Crossbody Bag တွေထဲမှာ ပေါ့ပေါ့ပါးပါးရှိပြီး စတိုင်လ်လည်းကျကာ ရေရှည်လည်းအသုံးပြုလို့ရတဲ့ အိတ်မျိုးဖြစ်လို့ ခရီးခဏခဏသွားတတ်သူတွေ ဆောင်ထားသင့်တဲ့ အိတ်ပဲဖြစ်ပါတယ်။


Gucci Petite Shoulder Bag

4
ပေါ့ပါးပြီး Luxury Travel Bag ကို ရှာနေတယ်ဆိုရင် Gucci ကိုသာ မျက်စိမှိတ်ပြီး ရွေးချယ်လိုက်ပါ။ Gucci အိတ်ရဲ့ကြိုးတွေက သာမန်စလင်းဘတ်အိတ်က ကြိုးတွေနဲ့မတူဘဲ အပြားကြီးတဲ့အတွက် ခရီးစဉ်တစ်လျှောက်လုံး အိတ်ရဲ့ခိုင်ခံ့မှုနဲ့ ပစ္စည်းဝိတ်ကို စိတ်ပူနေစရာမလိုပါဘူး။ Gucci အိတ်ကိုသာ လွယ်ပြီးသွားမယ်ဆိုရင် ခရီးစဉ်အစဆုံး အဖော်မွန်ကောင်းတစ်ယောက်နဲ့ သွားနေရသလို ခံစားမှုကို ရရှိနေမှာပါ။


Hobo Canvas Bag

5
Hobo Bag က ယောကျာင်္းဆန်တဲ့ ပုံစံမျိုးရှိတာပဲဖြစ်ဖြစ် မိန်းမဆန်တဲ့ ပုံစံမျိုးရှိတာပဲဖြစ်ဖြစ် ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်မှုရှိပါတယ်။ လက်တွေ့မှာလည်း အသုံးဝင်သလို Classic လည်းဖြစ်လို့ Hobo Bag လေးတစ်လုံးရှိရုံနဲ့တင် အခြားဘာအိတ်မှ မလိုတော့လောက်အောင်ကို ပြီးပြည့်စုံမှုကို ရရှိနိုင်စေမှာပါ။ ခြေလျင်ခရီးထွက်တဲ့အခါ၊ Shopping ထွက်တဲ့အခါနဲ့ မြို့ထဲလျှောက်သွားတဲ့အခါမျိုးမှာ ပစ္စည်းအတိုအထွာလေးတွေထည့်ဖို့ အိတ်ရှာဖွေနေတယ်ဆိုရင် Hobo Canvas Bag နဲ့ အကိုက်ညီဆုံးပါပဲ။

အခုဖော်ပြထားတဲ့ အိတ်တော်တော်များများက ခရီးသွားတဲ့အခါမှာ လွယ်ဖို့သင့်တော်တဲ့အိတ်ဖြစ်သလို ပေါ့ပေါ့ပါးပါးလည်းရှိ စတိုင်လ်လည်းကျပြီး ခရီးအတွက်လိုအပ်တဲ့ ပစ္စည်းအတိုအထွာလေးတွေကို စနစ်တကျထည့်သွားနိုင်တဲ့အိတ်တွေဖြစ်လို့ ခရီးသွားရတာခုံမင်တဲ့သူဆိုရင်တော့ ဒီလိုအိတ်တစ်မျိုးလောက်တော့ ဝယ်ထားသင့်ပါတယ်။

 

Source:Akhayar

Read 1360 times
Rate this item
(1 Vote)