What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခန္ဓာကိုယ် သေးသဖွယ်ထင်ရဖို့ ဒီလိုဖက်ရှင်ကျအောင်ဝတ်ဆင်မယ်

ခန္ဓာကိုယ်ပြည့်တာက စိတ်ဓါတ်ကျစရာကိစ္စတစ်ခုမဟုတ်ပါဘူး။ တစ်ကယ်အရေးကြီးတာက ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ ကျွန်မတို့ပိုင်ဆိုင်တဲ့ ဒီခန္ဓာကိုယ်နဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် ဘယ်လိုအကောင်းဆုံးဝတ်ဆင်ရမလဲဆိုတာကို သိနေဖို့ပါပဲ။

သင့်မှာရှိတဲ့ ခန္ဓာကိုယ်ဆိုဒ်က သင်အကျီဝတ်ဆင်တဲ့အခါမှာ သင့်ကိုစိတ်တိုင်းမကျ၊ တစ်ခုခုလိုအပ်နေတယ်လို့ ခံစားရတဲ့ အခိုက်အတန့်က ကျွန်မတို့ အမျိုးသမီးတိုင်းမှာ တစ်နေ့မဟုတ်တစ်နေ့ဖြစ်နေတတ်ပါတယ်။ ခုဖော်ပြမယ့်နည်းလမ်းအချို့က ချက်ချင်းဝိတ်ချဖို့အဆင်မပြေတဲ့သူတွေအတွက်ရော၊ ကိုယ့်ဆိုဒ်ကိုအကောင်းဆုံးပုံဖော်ဝတ်ချင်တဲ့ အမျိုးသမီးတွေအတွက် အ၀တ်အစားတွေက ဘယ်လိုနေရာကပံ့ပိုးနိုင်သလဲဆိုတာတွေပါဝင်ပါတယ်။


1. ဗွီလည်းပင်းသဏ္ဍာန်တွေကို ၀တ်ဆင်ပါ

1
ဗွီလည်ပင်းဒီဇိုင်းက သင့်ကို ဆွဲဆောင်မှုရှိစွာ ပြသပေးရုံသာမက အမြင်အာရုံတွေကိုလည်း ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒါကို သင်လိုချင်တာမလား။ အဲ့ဒီအချက်ကတင် အခြားသူများရဲ့အာရုံသည် သင့်ရဲ့အလျားလိုက်ခန္ဓာကိုယ်အနေအထားကို အာရုံသိပ်မထားဖြစ်တော့ပဲ သင့်ကိုပိုသွယ်သွားတယ်လို့ သူတို့ထင်သွားစေပါလိမ့်မယ်။ ဒီဗွီလည်ပင်းကြောင့် သင့်ရဲ့အရပ်သွယ်သွားခြင်းကို သင့်ခန္ဓာကိုယ်အလျားလိုက်ဖြစ်ခြင်းထက် ပိုမြင်သွားစေမှာလည်းဖြစ်ပါတယ်။

2. လိုင်းစင်းကြားတွေကို ၀တ်ဆင်ပါ။

2
အလျားအစင်းကြားတွေကို ရှောင်ကျဉ်ပါ။ သူတို့က သင့်ခန္ဓာကိုယ်ကို ဒေါင်လိုက်အနေအထားထက် အလျားလိုက်မြင်စပေါလိမ့်မယ်။ မျက်လုံးအကြည့်တွေကို အပေါ်အောက်ပြောင်းစေဖို့အတွက် ဒေါင်လိုက်အစင်းကြားတွေကို ရွေးချယ်ဖို့လိုပါတယ်။ ခုနက ဗွီရှပ်ရဲ့ သဘောတရားလိုမျိုးပေါ့။

3. သင့်ခြေကျင်းဝတ်အထိရောက်တဲ့ ဂျင်းအဖြောင့်တွေကို ၀တ်ဆင်ပါ။

3
သင့်အတွက်ကတော့ ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားကို ဘယ်လိုရွေးချယ်ဝယ်မလဲဆိုတာ သိနေလောက်ပါပြီ။ ဒါပေမယ့် ဂျင်းဝယ်တော့မယ်ဆိုရင်တော့ သင့်ခြေကျင်းဝတ်နဲ့ကွက်တိဖြစ်မယ့် အနေအထားကိုရွေးချယ်ပါ။ အဲ့ဒါက သင့်ခန္ဓာကိုယ်ကို ပိုရှည်သွယ်သွားစေလို့ပါ။ နောက်တစ်ချက်က သင့်ခန္ဓာကိုယ်ပိုရှည်ထွက်သွားတဲ့ အသွင်ရှိသွားတာကြောင့် သင့်အလေးချိန်ကလည်း ယခင်ကထက်ပိုအချိုးကသွားစေတဲ့ ပုံပေါ်သွားစေတာပါပဲ။

4. ခါးပတ်အလတ်သို့မဟုတ် အကြီးကို ရွေးချယ်ပါ။

4
သင့်ခါးထက် သို့မဟုတ် သင့်ရင်ဘက်အောက်မှာ ခါးပတ်တပ်ဖို့ရွေးချယ်တော့မယ်ဆိုရင် အပြားထူထူခါးပတ်ကြီးက သင့်ရဲ့ခန္ဓာကိုယ်ထူပွမှုကို ပိုအာရုံစိုက်အောင်တွန်းပို့ပါလိမ့်မယ်။ ဒါပေမယ့် ခပ်ထူထူခါးပတ်ပြားတွေအစား ခါးပတ်အလျားကြီးကြီးတွေကို ရွေးချယ်ပတ်မယ်ဆိုရင်တော့ တုတ်သယောင်ထင်ရတဲ့ သင့်ခါးကို သွယ်လျပေါ်သွားအောင် ဖန်တီးပေးပါလိမ့်မယ်။

5. အနက်ရောင်ကို သုံးပါ။

5
ပိန်သွယ်ချင်တဲ့ ပုံပေါက်ချင်ရင်တော့ အနက်ရောင်သည် အရွေးချယ်သင့်ဆုံးအရောင်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် သင်ကအရောင်စုံစကပ်လှလှလေူတွေ၊ ဂါဝန်လေးတွေဝတ်ချင်တယ်ဆိုရင်တော့ အနက်ရောင်အသားကပ်နဲ့ တွဲဖက်ပေးပါ။ ဒီနည်းလမ်းနဲ့လည်း သွယ်လျပုံပေါက်တဲ့အသွင်ကို ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်းအနက်ရောင်တစ်ခုတည်းနဲ့ မှောင်နေစရာမလိုပါဘူး။ သင့်မှာတောက်ပဖို့ အခွင့်အရေးရှိေိပါသေးတယ်နော်။

6. ဒေါက်မြင့်ကို စီးပါ။

7
ပိုသေးသွယ်တဲ့ပုံပေါက်ချင်တဲ့အခါမှာ ဖိနပ်အကြောင်းကိုသင်စဉ်းစားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့ ဖိနပ်တစ်ရံက သင့်ကို အကောင်းဆုံးလုပ်ဆောင်ချက်တွေ ပေးစွမ်းနိုင်ပါတယ်။ ထိပ်ပိတ်သေးတဲ့ ဒေါက်မြင့်တွေက သင့်ခြေထောက်တွေကို ဆလင်ဒါအသွင်သွယ်အောင် ပြုလုပ်ပေးပါလိမ့်မယ်။ တစ်ခုရှိတာက ပလက်ဖောင်းဒေါက်တွေလိုမျိုး ဖိနပ်မြင့်တွေကိုတော့ ဝေးဝေးရှောင်ပါ။ သူတို့တွေက ထိပ်ပိတ်သေးဒေါက်တွေရဲ့ ဆန့်ကျင်ဘက်ကို ပေးစွမ်းမှာမို့လို့ပါ။

 

Source:Moda

Read 1639 times
Rate this item
(1 Vote)