အခုခေတ် ဆယ်ကျော်သက်ကောင်မလေးတွေအကြား ရေပန်းစားနေတဲ့ ဖက်ရှင်ကတော့ ပခုံးလျှောအကျီင်္ ဖက် ရှင်လေးပဲ ဖြစ်ပါတယ်။ ပခုံးနဲ့နောက်ကျောဖွေးဖွေးလေးကို ထင်သာမြင်သာဖြစ်စေတာကြောင့် မိမိရဲ့အလှကို ဖော်ထုတ်ပြလို့ရတဲ့ဖက်ရှင်လေးပါပဲနော်။
ဝတ်လိုက်ရင်လည်းချစ်စရာကောင်းပြီး ကောင်လေးတွေအမြင်မှာတော့ ဆွဲဆောင်မှုရှိတဲ့သူလေးတစ်ယောက်ပေါ့။ မိန်းကလေးဆန်ဆန်ဖက်ရှင်ကို ကြိုက်နှစ်သက်ပြီး လွတ်လပ်ပေါ့ပါး စွာဝတ်စားဆင်ယင်တတ်သူအတွက်တော့ တကယ့်ကိုသင့်တော်တဲ့ဒီဇိုင်းလေးပါပဲ။ ဒါ့ကြောင့်လည်း ဆယ်ကျော် သက်ကောင်မလေးတွေ တော်တော်များများဝတ်ဆင်နေကြတာကို တွေ့ရပါတယ်။ ဒီလိုပခုံးလျှောအကျီင်္လေးကို ဘယ်လိုတွဲဖက်ဝတ်ဆင်နိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ဒါ့အပြင် အကျီင်္ဒီဇိုင်းလေးတွေကိုလည်း စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်နော်။
(၁) ပခုံးလျှောပုံစံဂါဝန်လေးကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပါပဲ။ ဒီလိုရိုးရှင်းတဲ့ ဝတ်စုံလေးကို ကြိုးခပ်ရှုတ်ရှုတ်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် တကယ့်ကိုပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်သွားပြီပေါ့။
(၂) မိန်းကလေးဆန်ဆန်လေးကြိုက်တတ်တဲ့သူတွေအနေနဲ့ ပန်းနုရောင်အကျီင်္လေးကိုဝတ်မယ်ဆိုရင်တော့ အောက်ကဘောင်းဘီအဖြူလေးနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ သူငယ်ချင်းနဲ့အပြင်သွားရင်ပဲဖြစ်ဖြစ်၊ ရှော့ပင် ထွက်ရင်ပဲဖြစ်ဖြစ် ဝတ်ဆင်မယ်ဆိုရင် စမတ်ကျကျနဲ့လှပနေစေမှာအမှန်ပါပဲ။
(၃) ပန်းပွင့်ဂါဝန်တိုလေးနဲ့ လက်မောင်းကားကားပုံစံကတော့ အရင်ခေတ်တုန်းကခေတ်စားခဲ့တဲ့ ဒီဇိုင်းကိုပြန်လည်ဆန်းသစ်ထားတာပဲ ဖြစ်ပါတယ်။ ပခုံးလျှောပြီးလက်မောင်းမှာ အကျီင်္စဝဲဝဲလေးဖြစ်နေတာကြောင့် မြင်သူငေးမောရပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ထသွားထလာပေါ့ပေါ့ပါးပါးဒီဇိုင်းလေးလည်း ဖြစ်တာကြောင့် ကောင် မလေးတော်တော်များများကြိုက်နှစ်သက်နေကြတဲ့ ပုံစံလေးပါပဲနော်။
၎) ဒီလိုပခုံးလျှောအကျီင်္တွေကို ဝတ်ဆင်ကြသူတော်တော်များများက ဆွဲသားနဲ့ပျော့ပျောင်းပိတ်သားနဲ့ ပြုလုပ်ထား တဲ့ဝတ်စုံတွေကို ပိုမိုရွေးချယ်ကြတာကို တွေ့ရပါတယ်။ ပုံမှာပြထားတာကတော့ ချည်သား နဲ့ပြုလုပ်ထားတဲ့ အပြာရောင်ဝတ်စုံလေးပါ။ အပြာရောင်ချည်သားလေးကလည်း ဖက်ရှင်ကျတာကို တွေ့မှာပါနော်။ ရှူးဖိနပ်အပါးလေး နဲ့တွဲဖက်ဝတ်ဆင်လို့ရပါတယ်နော်။
(၅) ဒေါင်လိုက်အစင်းကြောင်းဂါဝန်ရှည်ကတော့အရပ်ရှည်ပြီးခန္ဓာကိုယ်သေသွယ်သယောင်ဖြစ်သွားစေတဲ့ ဒီဇိုင်း လေး ပါပဲနော်။
(၆) အဖြူရောင်ပခုံးလျှောအကျီင်္လေးကိုတော့ ဂျင်းဘောင်းဘီအတိုလေးနဲ့ဝတ်ဆင်မယ်ဆိုရင် လူငယ်ဆန်ဆန် လှပစေမှာပါနော်။ ကလေးဆန်တာကိုမကြိုက်ဘူးဆိုရင်တော့ စကတ်ရှည်နဲ့တွဲဝတ်နိုင်ပါတယ်။
(၇) အကျီင်္အရောင်ရင့်ရင့်ကိုတော့ ဂျင်းဘောင်းဘီအတို ဒါမှမဟုတ် ဂျင်းဘောင်းဘီခါးအမြင့်လေးနဲ့တွဲဖက်ဝတ် ဆင်ရင် ရိုးရိုးရှင်းရှင်းနဲ့လှပစေမှာပါ။
Source:MyanmaPlatform