လူမှာ အ၀တ်၊ တောင်းမှာ အကွပ် ဆိုသလိုပဲ လူတစ်ယောက်အတွက် အ၀တ်အစားက အရေးကြီးလို့နေပါတယ်။ ကိုယ့်အပေါ် ဆက်ဆံပြောဆိုနေဟန်တွေအားလုံးကို ထိန်းချုပ်နိုင်တာကလည်း ဒီဝတ်စားဆင်ယင်ခြင်းကြောင့်ပဲဖြစ်ပါတယ်။
ကိုယ်ရောက်နေတဲ့ နေရာအနေအထားနဲ့ လုပ်ကိုင်နေတဲ့အလုပ်အကိုင်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားမျိုးကို ၀တ်ဆင်ဖို့ကလည်းမဖြစ်မနေလိုအပ်ပြန်ပါတယ်။ ရုံးသွားရုံးထိုင်အလုပ်လုပ်နေကြတဲ့သူတွေဆိုရင် ပိုပြီးဂရုတစိုက်ဝတ်စားကြရတာအမှန်ပါပဲ။ အထူးသဖြင့် Business Women တွေဖို့ ပိုပြီး အသေးစိတ်ကစ သတိထားပြီး နေထိုင်ရပါတယ်။ ကိုယ့်ဝတ်စားဆင်ယင်မှု မှားယွင်းသွားရင် ကိုယ့်အပေါ်ရိုသေလေးစားမှုပျောက်သွားနိုင်ပြီး ကိုယ့် Grade ကို နိမ့်ချသလိုမျိုးလည်း ဖြစ်စေပါသေးတယ်။ ဒီလိုမျိုးတွေမဖြစ်ရလေအောင် Business Wear အတွက် သင့်တော်တဲ့ Clothing Brand တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
PIXIE MARKET

Pixie Market Clothing Brand (Source : https://www.pixiemarket.com)
High End Clothing Brand တစ်ခုဖြစ်ပါတယ်။ အကျီင်္အ၀တ်အစားနဲ့ အခြားလက်ဝတ်လက်စားများကို မိန်းကလေးသီးသန့် ထုတ်လုပ်ရောင်းချနေတဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။ ဖန်တီးထားသမျှ ဒီဇိုင်းတွေနဲ့ အဆင်တွေကတော့ Simple & Classic ဘက်ကို သွားတဲ့အတွက် Business Woman တစ်ယောက်အတွက်တော့ အထူးသင့်တော်ပါတယ်။
Mango

Mango Clothing Brand (Source: https://shop.mango.com)
မိန်းကလေး အသုံးအဆောင်ပစ္စည်းတွေကိုသာ ထုတ်လုပ်ရောင်းချတဲ့ Clothing Brand တစ်ခုဖြစ်ပါတယ်။ Mango ကတော့ လူအများနှုတ်ဖျားမှာ နာမည်ကြီးနေတဲ့အတွက် အထွေအထူး ရှင်းပြစရာ မလိုလောက်တော့ဘူးလို့ထင်ပါတယ်။ Mango က ဒီဇိုင်းနဲ့ အရည်အသွေးကို အဓိကထားပြီး ထုတ်လုပ်ရောင်းချတဲ့ Brand တစ်ခုပါ။ ဒါကြောင့် ဒီဇိုင်းတွေအားလုံးက သူများနဲ့ မတူဘဲ တစ်မူထူးခြားနေတာဖြစ်ပါတယ်။ အရည်အသွေးကို အဓိကထားတဲ့အတွက်လည်း ပေးရတဲ့ ဈေးနှုန်းတန်ဖိုးကလည်း မြောက်လှပါတယ်။
TOPSHOP

Topshop Clothing Brand (Source : http://us.topshop.com)
TOPSHOP လည်း ထိုနည်းတူ မိန်းကလေးသီးသန့်အတွက်သာ ထုတ်လုပ်ရောင်းချနေတဲ့ Clothing Brand တစ်ခုဖြစ်ပါတယ်။ သူကတော့ အပေါ်မှာပြောခဲ့တဲ့ Brand နှစ်ခုထက်တော့ အနည်းငယ်ကွာခြားပါတယ်။ TOPSHOP က ပိုပြီး အရောင်လွင်တယ်။ ပိုပြီး လူငယ်ဆန်ပါတယ်။ အသုံးပြုတဲ့ အရောင်နဲ့ ဒီဇိုင်းတွေကိုကြည့်ရင် ခွဲခြားကြည့်နိုင်ပါတယ်။ ကိုယ်က ပေါ့ပေါ့ပါးပါးနဲ့ အရောင်လွင်တာလေးတွေ သဘောကျတယ်ဆိုရင်တော့ TOPSHOP ကိုသာ ရွေးချယ်သင့်ပါတယ်။
NORDSTROM

Nordstrom Clothing Brand (Source: https://shop.nordstrom.com)
NORDSTOM ကတော့ မိန်းကလေးရော၊ ယောကျာ်းလေးပါ ကလေးလူငယ်အထိ အရွယ်သုံးပါးမရွေးအတွက် ရောင်းချနေတဲ့ Fashion Brand တစ်ခုပဲဖြစ်ပါတယ်။ သူရဲ့ ဒီဇိုင်းတွေနဲ့ အရောင်အသုံးပြုပုံတွေအရဆိုရင်တော့ ရုံးမှာ အရေးတကြီးတွေ့ဆုံမှုတွေရှိတဲ့အချိန်အခါမျိုးတွေမှာ ၀တ်ဆင်သင့်ပါတယ်။ ကိုယ့်ရဲ့ ဂုဏ်ကိုလည်း ပိုပြီးပေါ်စေသလို စမတ်လည်းကျစေပါတယ်။
ARITZIA

Aritzia Clothing Brand (Source: https://www.aritzia.com)
မိန်းကလေးတွေအတွက်သာ သီးသန့်ရောင်းချနေတဲ့ နောက်တစ်ခုသော Fashion Brand တစ်ခုဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ဒီဇိုင်းတွေနဲ့ အရောင်တွေဟာ ရိုးရှင်းပြီး သာမန်မြင်တွေ့နေရတဲ့အရောင်တွေကို အသုံးပြုထားတယ်လို့ ထင်ရနိုင်ပေမယ့် အရည်အသွေးမှာတော့ ဘယ်သူနဲ့မှ ယှဉ်ပြိုင်လို့မရနိုင်ပါဘူး။
အခုဆိုရင်တော့ ကိုယ့်ရုံးကိစ္စဆောင်ရွက်စရာ၊တွေ့ဆုံစရာရှိတဲ့အခါ ဘယ်လိုအကျီင်္မျိုးကို ရွေးချယ်သင့်တယ်။ ဘယ်လို Brand ကို ၀တ်ဆင်သင့်တယ်ဆိုတာ သိမြင်သွားလောက်ပြီလို့ ယုံကြည်ပါတယ်။
source:akhayar life style





