လုပ်ငန်းခွင်မှာလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ သူများအမြင်တင့်တယ်အောင် အဝတ်အစားကို သေချာရွေးချယ်ပြီး ဝတ်ဆင်သင့်ပါတယ်။
မိန်းကလေးတွေအတွက်တော့ အင်္ကျီအဝတ်အစားက အဓိကအရေးပါနေတာဖြစ်လို့ လုပ်ငန်းခွင်မှာ ဘယ်လိုအင်္ကျီမျိုးတွေကို ဝတ်ဆင်သင့်လဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။
Turtleneck Top

Turtleneck Top လို့ခေါ်တဲ့အင်္ကျီလေးဟာ ရုံးတက်နေရတဲ့မိန်းကလေးတွေနဲ့ အရမ်းကိုလိုက်ဖက်တဲ့အင်္ကျီလေးပါ။ သူကတော့ စကပ်လေးတွေ Skinny လေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်ပါတယ်။
Peplum Top

Peplum Top အင်္ကျီလေးတွေကတော့ မိန်းကလေးဆန်ဆန်နဲ့ လှပနေစေပါတယ်။ ဒီအင်္ကျီလေးတွေကို မီနီစကပ်လေးတွေ၊ ဘောင်းဘီရှည်လေးတွေနဲ့ဝတ်မယ်ဆိုရင် အရမ်းလိုက်ဖက်ပါတယ်။ ရုံးတက်နေတဲ့ပျိုမေတွေနဲ့ ဒုတိယအလိုက်ဖက်ဆုံးအင်္ကျီလေးလို့ ပြောရမှာပါ။
Button Down Shirt

ဒီရှပ်အင်္ကျီလေးတွေကတော့ ဘယ်လိုနေရာမျိုးနဲ့မဆိုလိုက်ဖက်ပါတယ်။ ရုံသမားတွေအတွက်လည်း ဒီအင်္ကျီလေးက ပေါ့ပေါ့ပါးပါးနဲ့မို့ အဆင်ပြေစေပါတယ်။
Lace Top

Lace Top လေးတွေက မိန်းကလေးဆန်ဆန်နဲ့ အရမ်းလှပစေပါတယ်။ ရုံးတက်နေတဲ့ပျိုမေတို့အတွက်တော့ သပ်သပ်ရပ်ရပ်လေးနဲ့ လှပနေစေမှာဖြစ်လို့ ဒီလိုအင်္ကျီလေးကိုဆောင်ထားသင့်ပါတယ်။
Striped Top

အေးတဲ့အချိန်မျိုးမှာဆိုရင် ဒီလို Striped Top လေးတွေက အရမ်းအသုံးဝင်ပါတယ်။ ရုံးသမားတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါးနဲ့စတိုင်လ်ကျအောင် ဝတ်ဆင်လို့ရတဲ့အင်္ကျိလေးပါ။
Cold Shoulder Top

လည်ပင်းပြဲကျနေတာမျိုးတွေမဝတ်ချင်ရင်လည်း ဒီလို Cold Shoulder Top လေးတွေက အဆင်ပြေစေပါတယ်။
လုပ်ငန်းခွင် ဝင်နေရတဲ့ မမတွေအတွက် ပေါ့ပါးပြီး သက်တောင့်သက်သာရှိစေမယ့် ဖက်ရှင်များ
Peasant Top

ဘောင်းဘီရှည်လေးတွေနဲ့တွဲဝတ်ရင် ရိုးရိုးလေးနဲ့လှပနေစေလို့ Peasant Top လေးတွေလည်း ရှိထားသင့်ပါတယ်။ ဒီအင်္ကျီလေးတွေက ဘောင်းဘီအဖြူလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှုရှိပါတယ်။
Tank Top

မိန်းကလေးဆန်ဆန်နဲ့ တည်ငြိမ်ပြီးလှနေတာကတော့ Tank Top အင်္ကျီလေးတွေပါ။ စကပ်နဲ့တွဲဝတ်ရင်လည်း လိုက်ဖက်သလို၊ ဘောင်းဘီနဲ့တွဲဝတ်ရင်လည်း လိုက်ဖက်ပါတယ်။ ရုံးတက်နေတဲ့ပျိုမေတို့အတွက်တော့ အသင့်တော်ဆုံးပါပဲ။
Source:we media
			    
					
		  	



