Karl Lagerfeld ရဲ့ Chanel ပွဲတိုင်းမှာ ပွဲကြည့်ပရိသတ်ကို ပေးချင်တဲ့ စာလွှာတစ်ခုအမြဲပါဝင်နေတတ်စမြဲပါ။ ပြီးခဲ့တဲ့နှစ်တုန်းကျင်းပခဲ့တဲ့ couture ပွဲမှာဆိုရင် တစ်ပွဲလုံးကို သစ်သားများဖြင့် ဆင်ယင်ပြသလိုက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ message ကိုပေးခဲ့တယ်။ ၂၀၁၀ ဆောင်းတွင်းပွဲတုန်းကဆိုရင် ကြီးမားတဲ့ရေခဲတုံးကြီးများအသွင်ဖြင့် Grand Palais မှာပြင်ဆင်ပြခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ Karl က အ၀တ်အစားနဲ့နည်းပညာကို ရောနှောပြသခြင်းများကိုပိုသဘောကျလာတဲ့ပုံပါပဲ။
ဒါကြောင့် ခုနောက်ပိုင်း အမျိုးသမီးပါဝါ၊ အမျိုးသမီးများနဲ့ပက်သက်တဲ့ ကိစ္စတွေအဖြစ်များလာတဲ့အချိန်မှာ ခုကျင်းပလိုက်တဲ့ couture ပွဲက Karl ရဲ့အမျိုးသမီးများအမြင်ကို ဖွင့်ပြလိုက်ခြင်းဖြစ်ပါတယ်။ ခါးပေါ်တက်စကပ်များ၊ ဘောင်းဘီအကားများ၊ တင်အမြင့်ဘောင်းဘီများက ပန်းချီပညာရှင် Alberto Giacometti ရဲ့အနုပညာကို ပြန်လည်မှီငြမ်းထားတာဖြစ်ပါတယ်။

The Mirrored Set

The mirrored set ကတော့ Coco Chanel ရဲ့31 Rue Cambon မှ မှန်လှေကားများကို ပြန်လည်ခံစားထားတာဖြစ်ပါတယ်။ ကြီးမားတဲ့ဖန်ပန်းအိုးကြီးတွေမှာ လစ်လီပန်းတွေထည့်ထားပြီး မော်ဒယ်လေးများလမ်းလျှောက်ထွက်တဲ့အခါမှာ မှန်အပြည့်ကာရံထားတဲ့ခန်းမကြီးက တန်ပြန်အရိပ်တွေနဲ့ ခေတ်လွန်ကာလအချိန်ကို ပြသနေသလိုပါပဲ။
The Belts

တစ်ပွဲလုံးပြသသွားတဲ့ဒီဇိုင်းများမှ ခါးပတ်ခပ်လတ်လတ်အကြီးများကို တန်ဆာအဖြစ် အများဆုံးအသုံးပြုထားတာတွေ့ရမှာဖြစ်ပါတယ်။ မော်ဒယ်လေးများရဲ့ခါးထက်မှာ ဆင်ယင်ထားတဲ့ ခါးပတ်ပြားများက သူမတို့ရဲ့တင်များကို ပိုစွန့်ကားပေါ်ထွက်စေပြီး တင်ကားဒီဇိုင်းများနဲ့အထူးလိုက်ဖက်လွန်းလှပါတယ်။
The Skirtsuits

ဒီ ဒီဇိုင်းဆိုတာ Chanel ရဲ့အမှတ်သညာမဟုတ်ပါလား။ သူ့ကို ပုံစံအမျိုးမျိုးနဲ့ Chanel ရဲ့ပွဲတိုင်းမှာ တွေ့ရပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ အရောင်ဖျော့လေးများကို ဂျပန်စက္ကူခေါက်အနုပညာတစ်ခုကဲ့သို့ ဒီဇိုင်းထွင်ချုပ်ထားတာဖြစ်ပြီး ခါးပတ်ပြားနဲ့ပဲပြန်စုသိမ်းထားတာဖြစ်ပါတယ်။ တစ်ချို့အပိုင်းအစတွေမှာတော့ ၈၀ ခုနှစ်ဒီဇိုင်းပါဝါစကပ်တွေလိုမျိုး အိတ်ကပ်တွေ၊ လက်မောင်းထူထူကြီးများကို ပြန်ထည့်သွင်းထားပြီး တစ်ချို့ဒီဇိုင်းတွေကတော့ ရုံးတွင်းပိုင်းမှာအ၀တ်များမယ့် စကပ်များကို ထည့်သွင်းထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Karl ပြောချင်တဲ့စကားကရှင်းပါတယ်။ Skirtsuit တွေပြန်လာပြီဆိုတာပါပဲ။
The Pussy-Bow Blouses

Chanel ကမ္ဘာမှာ မိန်းကလေးဆန်ခြင်းနဲ့ အမျိုးသမီးပီသခြင်းဆိုတာပဲရှိပါတယ်။ ကျက်သရေရှိစွာဆွဲဆောင်မှုရှိခြင်းဆိုတာ Chanel အမျိုးသမီးလေးများရဲ့ လက်ဆွဲဆောင်ပုဒ်ဖြစ်ပါတယ်။
ငွေရောင် တလက်လက်နဲ့ လှနေတဲ့ လျောက်လမ်းပေါ်က ပုံရိပ်များ
The Feathers

ပွဲက အပိတ်ဒီဇိုင်းများအနေနဲ့ ပါတီအသုံးအဆောင်များကို ထည့်သွင်းချုပ်လုပ်ထားတဲ့ ဒီဇိုင်းများကို ပြသခဲ့ပါတယ်။ တမွှားမွှားလွင့်နေတဲ့ငှက်မွှေးတောင်လေးများ၊ တလက်လက်တောက်နေတဲ့ ဂါဝန်တိုလည်ပင်းကျဒီဇိုင်းများသည် ဒီနှစ်ကော်ဇောနီပေါ်မှာ အနိုင်သိမ်းမယ့် အပိုင်းအစများဖြစ်ပါတယ်။
The Bride


Lily-Rose Depp က သူမရဲ့ပထမဆုံးမော်ဒယ်လျှောက်လှမ်းခြင်းကို Chanel ပွဲမှာ ကောင်းကောင်းကြီးစတင်လိုက်ပါတယ်။ ကယ်လီဒိုစကုပ်အသွင်ခန်းမကြီးမှ လစ်လီပန်းအိုးများအလယ်မှာ Lily ကပန်းရောင်အထပ်ထပ်ဂါဝန်ရှည်ကြီးနဲ့ မှန်ဘုံးထဲက လိပ်ပြာငယ်လေးတစ်ကောင်လို တလွင့်လွင့်ထွက်ပြလာခဲ့ပြီး ပွဲရဲ့ဒီဇိုင်နာ Karl Lagerfel လက်ကိုတွဲလျက်ထွက်ပေါ်လာခဲ့ပါတယ်။
Source:moda
			    
					
		  	



