၂၀၁၈ ခုနှစ် အစကနေ ယနေ့ချိန်ထိ ခေတ်စားလာသမျှ ဖက်ရှင်သစ်တွေကို ပျိုမေတို့နဲ့ အတူတူ လေ့လာကြည့်ကြရအောင်။ ဖက်ရှင်ရှိုးပွဲတွေမှာ အတွေ့များတဲ့ အဝတ်အစားဒီဇိုင်းတွေကို ဖော်ပြလိုက်တယ်နော်။
ငွေရောင်/သတ္ထုရောင်

တလက်လက်တောက်ပတဲ့ ငွေရောင်၊ ခဲရောင်၊ သတ္တုရောင် အဝတ်အစားတွေက ဖင်ရှင်ရှိုးတွေမှာ နေရာယူဆဲပါ။ ညနေခင်းပွဲတက်ဝတ်စုံနဲ့ ပါတီတွေမှာ ဝတ်ဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။
ဆောင်းဦးရာသီမှာ ရေပန်းစားလာဦးမယ့် Animal အဆင်ဒီဇိုင်း
ရောင်စုံ တိရစ္ဆာန်အကွက်ဒီဇိုင်း

ကျားသစ်ကွက်ဒီဇိုင်းတွေကိုပဲ မြင်နေခဲ့ရာကနေ ခုတော့ အခြားတိရစ္ဆာန်တွေရဲ့ ဒီဇိုင်းတွေလည်း ထွင်လာကြပြီ။ မြင်းကျားလို အကျားတွေကို အရောင်တွေ shade တွေ ထည့်လာကြတယ်။
ပန်းရောင်တောက်တောက်

ပန်းရောင်တွေ အများကြီးရှိတယ်။ ပန်းနုရောင်၊ ပန်းရောင်မှိုင်းမှိုင်း အမျိုးမျိုးပဲ။ ခုတော့ လူကို နုပျိုလန်းဆန်းစေမယ့် ခပ်လွင်လွင် ပန်းရောင်လေးတွေက တစ်ကျော့ပြန်ခေတ်စားလာတယ်။
ဆက်စီကျတဲ့ Suit

အလုပ်ကိစ္စနဲ့တွေ့ဆုံဖို့တွေရှိတဲ့အခါ စမတ်ကျကျ suit ကို ဝတ်ရတယ်။ Suit တွေကို ဆက်စီကျအောင် ထွင်လာကြတဲ့အခါ ဝတ်ချင်ကြမှာပဲ။ အလုပ်ကိစ္စမဟုတ်ဘဲ ပွဲလမ်းတွေမှာလည်း ဝတ်ရင် ပေါ်လွင်နေမှာပါ။
Source:mingalarbar
			    
					
		  	



