တစ်နှစ်ကို နှစ်ခါသာ ကျင်းပတဲ့ couture ပွဲတွေမှာ ပြသတဲ့ လက်ရာများအားလုံးဟာ လက်လုပ်ကြီးပဲဆိုတာ ဖက်ရှင်ချစ်သူများလည်းသိမှာပါ။
တံဆိပ်တစ်ခုချင်းစီတိုင်းဟာ သူတို့ရဲ့ တစ်နှစ်ပတ်လုံး အသေးစိတ်ဖန်တီးထားတဲ့ လက်ရာများကို ၀ံ့ကြွားစွာပြသတဲ့ ခမ်းနားတဲ့ဖက်ရှင်ပွဲကြီးလည်းဖြစ်တာကြောင့် ပွဲမှာပြသတဲ့လက်ရာများရဲ့ အလှအပ၊ အနုပညာဆန်ခြင်းတို့ကတော့ ပြောစရာတောင်မလိုတော့ပါဘူး။ ခုတင်ဆက်ထားတဲ့ ၀တ်စုံများဟာ ပွဲတော်အတွင်း အလှပဆုံး၊ အမှတ်သညာအဖြစ်ဆုံး၊ သင့်စိတ်ကိုမင်သက်သွားအောင်ပြုလုပ်မယ့် ပြန်လည်စုစည်းဖော်ပြထားတဲ့ ၀တ်စုံများဖြစ်ပါတယ်။
Elie Saab

အတွေ့အကြုံရင့်တဲ့ ဒီဇိုင်နာထဲက မဟုတ်ပေမယ့်လည်း အမျိုးသမီးတစ်ယောက်ကို ဘယ်လိုလှပအောင်ဖော်ကျူးနိုင်မလဲဆိုတာ Saab ကောင်းကောင်းကြီးသိပါတယ်။
Alvexandre Vauthier

Vauthier ကတော့ ၇၀ခုနှစ်များရဲ့ အထင်ကရဒီဇိုင်းများကို ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။
Armani Prive

Armani ကဒီတစ်ခေါက်ပွဲအတွက် တစ်ဖိတ်ဖိတ်တောက်နေတဲ့ ဂါဝန်ဒီဇိုင်းများကို ပြသပေးခဲ့ပါတယ်။
Atelier Versace

ဒီတစ်နှစ်မှာတော့ ဒီဇိုင်နာ Donatella ကသူမရဲ့ဒီဇိုင်းများကို ပိုသေသပ်တဲ့ ဖြတ်ချုပ်များနဲ့ ပုံဖော်ထားတာတွေ့ရပါတယ်။ သပ်ရပ်တဲ့ ပိုင်းဖြတ်မှုများနဲ့ အထည်စအသားကို အသားပေးထားတဲ့ ခေတ်မီဂါဝန်ရှည်များကလည်း ဟောလီးဝုဒ်ဆယ်လီများရဲ့ ခေတ်သစ်ပွဲတက်ဂါဝန်များဖြစ်လာဦးမှာပါ။
ဆောင်းဦးရာသီမှာ ရေပန်းစားလာဦးမယ့် Animal အဆင်ဒီဇိုင်း
Alexis Mabille

Mabille ကရှပ်အကျီကို ပြန်လည်ဆန်းသစ်ထားတာလို့ဆိုနိုင်မယ့် အသွင်သစ်တစ်မျိုးကို ဖန်တီးပြသခဲ့ပါတယ်။ ရှပ်အကျီကို ပြောင်ချောစနဲ့ မော်ဒယ်ရဲ့ခါးမှာပတ်ချည်ထားခြင်းဖြင့် ဆွဲဆောင်မှုရှိတဲ့ အသွင်ဘက်ကို ဖော်ကျူးထားပါတယ်။
Christian Dior

Raf Simon ရဲ့နှုတ်ထွက်မှုအပြီးမှာတော့ Dior ကို Lucie Meier နဲ့ Serge Ruffieux တို့ကနောက်ကနေထိန်းသိမ်းခဲ့ပြီး ဒီတစ်ခေါက်ပွဲမှာဖြင့် ၁၉၄၇ ရဲ့အသွင်သစ်တွေကို ပြန်လည်ဖန်တီးတင်ဆက်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်များမှာခေတ်စားခဲ့တဲ့ ခါးကိုယ်တိဂါဝန်များကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
Giambattista Valli

ပြီးခဲ့တဲ့နှစ်က ဂရမ်မီဆုပေးပွဲမှာ Rihanna နာမည်ကျော်ဝတ်ဆင်ခဲ့တဲ့ “loofah dress” အမည်ရ ပန်းဆီရင့်ရောင်ဂါဝန်ကို ဒီတစ်ခေါက်ပွဲမှာ ဆန်းသစ်မှုပေါင်းများစွာနဲ့ ပြန်တွေ့ရမှာဖြစ်ပါတယ်။
Givenchy

ဒီဇိုင်နာတော်တော်များများက တစ်ပွဲကို အထည်ပေါင်း ၆၀ လောက်ပြသခဲ့ပေမယ့် Givenchy ကတော့ ၁၃ ထည်သာပွဲထွက်ခဲ့ပါတယ်။ နောက်ဆုံးပြသွားတဲ့ဂါဝန်မှာ အဖြူရောင်လည်တိုင်ချည်ဂါဝန်ရှည်ဖြစ်ပြီး Annie Hall နဲ့ ’30s gangster တို့ဇာတ်ကားများမှ အထာကို မှီငြမ်းထားကြောင်းသိနိုင်ပါတယ်။
Iris van Herpen

သူကတော့ couture ပွဲတော်များနဲ့ တော်တော်ရင်းနှီးနေတဲ့ ဒီဇိုင်နာဖြစ်ပြီး ဒီတစ်ခေါက်ပွဲအတွက် သူမရဲ့နောက်ခံဂီတကို ဂျပန်တေးဂီတပညာရှင် Kazuya Nagaya ရဲ့ သီချင်းဖြင့် ပြသခဲ့တာဖြစ်ပါတယ်။သီချင်းနဲ့အတူ ပြသသွားတဲ့ ဂါဝန်စများရဲ့ ပေါ့ပါးမှု၊ လေထဲကို လွင့်ပျံလုမတတ်ဖြစ်ဟန်ဒီဇိုင်းများက ဒီတစ်နှစ်ရဲ့နောက်ထပ် ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။
J. Mendel

ပြင်သစ်ဒီဇိုင်နာက ဒီတစ်နှစ်အတွက် ရှင်းလင်းသပ်ရပ်တဲ့ ဂါဝန်ရှည်များကို သူ့ရဲ့စိတ်ခံစားမှုအဖြစ် ပြသခဲ့ပါတယ်။
Source:moda
			    
					
		  	



