နိုင်ငံတကာ သတင်းမီဒီယာ အသီးသီး က တင်ပြဆွေးနွေးကြတဲ့ အကြမ်းဖက်မှုတွေ အထူးသဖြင့် အမျိုးသမီးတွေအပေါ်သက်ရောက်တဲ့ မတရားမှုတွေကို တွန်းလှန်ဖို့ ကြိုးပမ်းအားထုတ် နေကြသလားထင်ရတဲ့ ဒီဇိုင်နာတွေဟာ ခေါင်းစ ခြေအဆုံး တောရိုင်း သတ္တဝါတွေရဲ့ အကွက်ဆင်တွေ ကနေတဆင့် အဝတ်စားဆိုတာ လုံခြုံပြီး ကာကွယ်ပေးနိုင်တဲ့ ကျည်ကာ အင်္ကျီ သဖွယ် ဆွေးနွေး ဖော်ထုတ်သွားကြတာကို လည်းတွေ့ခဲ့ရပါတယ်။
ဒီ 2018 Winter ရာသီကတော့ အခမ်းနားဆုံးဖက်ရှင်ဆိုတာ အမျိုးသမီးတွေရဲ့ စိတ်နှလုံးကို ပျော်ရွှင်ချမ်းမြေ့စေခြင်းပဲ လို့ မီးမောင်းထိုးပြ သခဲ့ပါတယ်။ ဒီနှစ်ရဲ့ ဆောင်းတွင်းမှာတော့ ဒါနဲ့ ပတ်သက်ပြီး သိကို သိထားရမှာ ဖြစ်ပါတယ်။ ဖက်ရှင်ဟာ သတ္တဝါတွေရဲ့ အကွက်အဆင်တွေနဲ့ အရမ်းရမ်းကို အရိုင်းဆန်နေတော့တာပါ။ ကျားသစ် ကအစ တောကြောင် အဆုံး၊ မြင်းကျားမှသည် ကျားအကွက်တွေအထိ၊ အရိုင်းဆန်ဆန် အစင်းတွေ၊ အစက်အပြောက်တွေ ကတော့ လျှောက်လမ်းတွေကို လွှမ်းခြုံထားခဲ့ပါတယ်။ မျှတတဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ အတွက် အကြောက်တရားကင်းတဲ့ ကိုယ်ပိုင်ဖြစ်တည်မှုတွေ၊ လွတ်လပ်မှုတွေ နဲ့ အင်အားတွေကို စိတ်ရှိတိုင်း ဖော်ထုတ် ဖွင့်ချမှုတွေက လည်း လျှောက်လမ်းပေါ်မှာ အရိုင်းဆန်ဆန် ဒီဇိုင်းတွေနဲ့ ဒွန်တွဲလျက်ရှိနေခဲ့ပါတယ်။ ကဲ အခု ဖက်ရှင်စိတ်ကူးတွေ ကွန့်မြူးနိုင်မယ့် Animal Print ဒီဇိုင်းတွေကို အောက်မှာ လေ့လာလိုက်နော်။

Paris Couture Week ရဲ့ ဆန်းပြားပြီး အိပ်မက်ဆန်တဲ့ ၀တ်စုံများ









Source:moda
			    
					
		  	



