သစ်လွင်တဲ့ အသွင်နဲ့ မြင်တွေ့ရမယ့် Denim Fashion တွေကို တစ်နှစ်ပတ်လုံး မြင်တွေရမှာ အသေချာပဲပေါ့။
ဒီနှစ် 2018 မှာ သစ်လွင်တဲ့ အသွင်နဲ့ မြင်တွေ့ရမယ့် Denim Fashion တွေဟာ ဆိုရင်တော့ ကနေဒါစတိုင် တောက်ကြွားလွန်းတဲ့ Jacket တွေ ခပ်ပွပွ ဒီဇိုင်းပုံစံတွေ 90s ခေတ် ခပ်ဖျော့ဖျော့ ဂျင်းဒီဇိုင်းတွေကနေ အဆန်းတကျယ်ဆင်ယင်မှုတွေ ပန်းချီ ဆန်ဆန် ခြယ်သမှုတွေ နှင့် အကန့်အပိုင်းတွေခွဲပြီး စပ်ဆက်ထားတဲ့ ဒီဇိုင်းတွေအထိ ဂျင်းအသားစကို အဓိကထား ပြီး လျှောက်လမ်းတွေမှာ တင်ဆင်ခဲ့တာကို မြင်တွေကြရမှာပါ။ ကိုယ်တွေသဘောကျတဲ့ Light-wash Denim တွေ Vintage စတိုင်တွေကို စွန့်ခွာဖို့ဆိုတာ တော်တော့်ကို မိုက်မဲလွန်းရာကျတာပဲပေါ့။ ပြီးတော့ အခုချိန်မှာ Dark Denim တွေကလည်း ပြန်လည်ရှင်သန်လာပြီး ဖက်ရှင် Trend တွေမှာ နေရာယူလာပါပြီ။ Alexander McQueen ၊ Rosie Assoulin တို့လို Brand အကြီးတွေမှာ တွေက ပြသတင်ဆက်ကြတဲ့ Texas Jean Jacket ရဲ့ တောက်ပြောင်ချောမွေ့မှုတွေနဲ့ အတူ Jean အသားစတွေဟာ ခပ်ကြမ်းကြမ်း အသွင်ကိုရော ခမ်းနားကြီးကျယ်မှုအမြင်ကိုပါပေးစွမ်းနိုင်တယ်လေ။
Artistic Denim

Calvin Klein နှင့် Andy Warhol တို့ရဲ့ ပေါင်းစည်းမှု ကနေ ထွက်ပေါ်လာတဲ့ Printed Denim ဝတ်စုံတွေဟာ သိပ်ကို အထာကျပြီး လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို သိမ်းပိုက်နိုင်ခဲ့တယ်လေ။
Baggy Denim Jacket

Tibi ပြသသွား ခပ်ပွပွဂျင်းဂျာကင်နဲ့ High Waisted ဘောင်းဘီ အတွဲအဖက်တို့လိုမျိုး စတိုင်တွေကတော့ ဒီနှစ်မှာ Fashion Girls တွေအတွက်တော့ လုံးဝကို ရှိဖို့လိုအပ်တာ အမှန်ပဲပေါ့။
Womanish Denim
ODLR ရဲ့ ခပ်ပွပွ Denim Jacket ကို Skirt နဲ့တွဲဖက်ဆင်ယင်ပေးထားတာက သိပ်ကို လှပပြီး မိန်းမဆန်တဲ့ အသွင်ကို ပေါ်လွင်စေပါတယ်။ ဖက်ရှင်ချစ်သူတွေအတွက်တော့ သူရဲ့ အတွဲဖက်က ဖက်ရှင်စိတ်ကူးတွေ ကွန့်မြူးနိုင်စေတဲ့ အကောင်းဆုံး ပုံကြမ်းတစ်ခုလို့ ပြောရင်တော့ မမှားလောက်ပါဘူး။
90s Denim Flashback

Alexander Wang ဝတ်စုံကတော့ ကိုယ်တွေရဲ့ အတိတ်ကို ပြန်လည် သတိရစေရင်း သူရဲ့ 90s ဟန်ကို ဆန်းသစ်ထားတဲ့ တီထွင်မှုက သိပ်ကို အထာကျလွန်းတာ အမှန်ပဲလေ။
Inspired Men Denim Style

ယောက်ကျားဆန်ဆန် ဝတ်ချင်တဲ့ Fashion Girls တွေအတွက် Marques’ Almeida ၊ Coach ၊ Versus Versace တို့ရဲ့ လျှောက်လမ်းပေါ်က Denim တွေဟာ သိပ်ကို မိုက်နေပြီး သူတို့လိုပုံစံလေးတွေ ဝတ်လိုက်ရင် အများကြားမှာ ထင်ပေါ်နေမှာ အမှန်ပဲနော်။
Source:moda
			    
					
		  	



