ပရိတ်သတ်အချစ်တော် မင်းသား Lee Dong Wook ဟာ Paris Fashion Week SS18 ကို ဆိတ်ငြိမ်စွာပဲတက်ရောက်လာလိမ့်မယ်လို့ အားလုံးဟာ အစပိုင်းတုန်းက ထင်ခဲ့ပါတယ်။ ဒါပေမယ့် Lee Dong Wook တစ်ယောက်ရောက်လာတဲ့အခါမှာတော့ ထင်မြင်ချက်အတိုင်းမဖြစ်ပဲ ပရိသတ်တွေကြားထဲ အတော်လေးကို ၀ုန်းဝုန်းထသွားတာအမှန်ပါ။
Girenchy ရဲ့ fashion show ကို ရောက်လာတဲ့အချိန်မှာ Lee Dong Wook ရဲ့ fashion က ပွဲတက်ရောက်လာကြတဲ့ အခြားသောအနုပညာရှင်များ၊ အဖွဲ့ဝင်များကို အံ့အားသင့်စေခဲ့ပြီး Lee Dong Wook ဟာ အရင်ကထက်ပိုကြည့်ကောင်းပြီး ခန့်ညားလာတယ်လို့ အားလုံးကထင်မြင်ချက်ပေးကြပါတယ်။ တစ်ချို့ကတော့ မင်းသားရဲ့နောက်ဆုံး drama ဖြစ်တဲ့ Goblin ကားထဲက Grim Reaperပုံစံအတိုင်းအသားပေးဝတ်ဆင်ထားတယ်လို့ ထင်မြင်ချက်ပေးကြပါတယ်။အထူးသဖြင့် ဒီနှစ်ရဲ့ ဖက်ရှင်လျှောက်လမ်းတွေထက်မှာသာမက အမျိုးသား၊အမျိုးသမီးတွေကြားထဲမှာပါ နေရာယူထားတဲ့ ကုတ်နဲ့ ဘောင်းဘီရှည်တို့ကို တွဲဖက်ထားတာကလည်း တကယ်ကို မှန်ကန်တဲ့ဖက်ရှင်ရွေးချယ်မှုပါ။နောက်တစ်ချက်က သူရွေးထားတဲ့ အညိုရောင်ကြောင့် Lee Dong Wook တစ်ယောက်ပို ခန့်ညားချောမောပြီး အမိုက်စားဖြစ်နေတာလည်း မငြင်းနိုင်ပါဘူး။
Lee Dong Wook ရဲ့ ဆွဲဆောင်မှုရှိတဲ့ဖက်ရှင်တွေကို မကြည့်ရသေးရင် အောက်မှာကြည့်လိုက်ပါဦးနော်။