အသက် ၂၃ နှစ် ရှိ ကျောင်းသူ စုနိုင်ရဲ့ ခါးက ၁၃.၇ လက်မပဲ ရှိတယ်လို့ ဆိုပါတယ်။
ခါးအသေးဆုံး မိန်းကလေးတစ်ဦးအဖြစ် Guinness World Records ကို ရဖို့ဆိုတာကတော့ လက်ရှိစံချိန်က ၁၃ လက်မ ဖြစ်နေတာကြောင့် ဒသမ ၇ လက်မ ပိုကြီးနေတယ်။
လက်ရှိ Guinness World Record ကမ္ဘာ့ခါးအသေးဆုံးစံချိန်ရှင်က ယူကေမှ Ethel Granger ဖြစ်ပြီး ခါးအတိုင်းအတာက ၁၃ လက်မပဲ ရှိပါတယ်။
ခါးသေးတာကြောင့် သဲနာရီလို ဖြစ်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် စုနိုင်ရဲ့ ဖက်ရှင်စတိုင်ကို Instagram မှာ သူတင်တဲ့ ဓာတ်ပုံတွေမှာ တွေ့နိုင်ပါတယ်။
အခုလို ခါးသေးအောင် ဓာတ်ပုံကို ပြုပြင်ထားခြင်း မရှိသလို နံရိုးတွေ ထုတ်ပစ်ပြီး သေးအောင် လုပ်ထားတာလည်း မဟုတ်ဘဲ သဘာဝအလျောက် သေးနေတာသာ ဖြစ်ပါတယ်။ အခုလို ခါးသေးအောင် တမင်လုပ်ယူထားတာလည်း မဟုတ်ပါဘူး။ အစားအသောက်ခြိုးခြံစားသောက်ပြီး ခါးမတုတ်အောင် လုပ်တာမျိုးလည်း မရှိပါဘူး။










			    
					
		  	



