ချစ်စရာလဲကောင်းသလို သရုပ်ဆောင်လဲကောင်း ဖက်ရှင်ကျကျဝတ်ဆင်တတ်တဲ့ အကယ်ဒမီဝတ်မှုန်ရွှေရည်ကို ဖက်ရှင်နဲ့ ပတ်သတ်ပြီးမေးမြန်းထားတာတွေက တော့ .......................
-ဖက်ရှင်နဲ့ ပတ်သတ်တဲ့ ခံယူချက်လေးက….။
ကစ်မှာ အြ့လိုခံယူချက်တော့မရှိပါဘူး။ကစ်က အနုပညာရှင် သမားတယောက်ဖြစ်နေတဲ့ အတွက် ဖက်ရှင်ကတော့ update ဖြစ်အောင် ခေတ်ရေစီးကြောင်းလိုက်အောင်တော့ အမြဲတမ်းလုပ်နေရတာပေါ့။ ကစ်ကတော့ တခုနဲ့ တခုမရိုးရအောင်ခေတ်စားနေတဲ့ trend ကို လိုက်ပီးတော့ ၀တ်တာမျိုးတွေလဲရှိတယ်။ တခါတလေ မြန်မာဆန်ဆန်လေးဝတ်တာမျိုးလေးတွေလဲရှိတယ်။ သူကာလအပိုင်းအခြားတွေကိုကြည့်ပြီး ၀တ်ရတာမျိုးလေးတွေလဲရှိတာပေါ့နော်။ကစ်အနေနဲ့ မြန်မာဝတ်စုံလေးတွေဝတ်ရတာလဲကြိုက်တယ်။ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အ၀တ်အစားတွေဝတ်ရတာလဲကြိုက်တယ်။ ရာသီဥတုနဲ့ လိုက်မယ့် ဖက်ရှင်လေးတွေလဲ ဦးစားပေးဝတ်ဖြစ်တယ်။ ကြော်ငြာတို့ကားရိုက်တို့ကျတော့ ကိုယ်ရိုက်တဲ့ ကာရိုက်တာပေါ်မှာရွေးချယ်ပြီး ၀တ်ဆင်ရတာပေါ့။
-ကစ်အနေနဲ့ ကြိုက်နှစ်သက်တဲ့ ဖက်ရှင် ရှိလား။ဒါမှမဟုတ်ရင် သူများတွေနဲ့တိုင်ပင်ပီးကစ်ရဲ့ ဖက်ရှင်ကို စီစဉ်ဖြိစလားကိုယ်တိုင်စီစဉ်ဖြစ်လား။
အမျိုးမျိုးပါဘဲ။တခါတလေကျရင် ကိုယ်ဝတ်ချင်တဲ့ ပုံစံကို ကိုယ့် ဟာကိုယ် ၀တ်တာမျိုးရှိတယ်။ တခါတလေကျရင် website တွေမှာလျှောက်ကြည့်တယ်။ ကိုယ်ဝတ်ချင်တဲ့ ပွုစံလေးတွေ ကိုယ့်ဟာကိုယ်ဝတ်လိုက်တာလဲရှိတယ်။ တခါတလေကျရင် stylist နဲ့ တိုင်ပင်တာမျိုးတွေ လဲရှိတယ်။ ကစ်ညီမလေးကသူရွေးပေးပြီးဆင်တာမျိုးလေးတွေလဲ ရှိတယ်။ကစ်က ကိုယ်ဝတ်နေကျဆိုရင် ကိုယ်စီဏသ်တာဆိုရင် ဒီ trend က ဒီတိုင်းဘဲသွားမှာလေ။အဲ့ တော့ ညီမလေးကို မကစ်ကိုရွေးပေးတွဲပေးဆိုပြီး ရွေးခိုင်းလိုက်တယ်။ တွဲခိုင်းတယ်။ကစ်အနေနဲ့ အ၀တ်စားပိုင်းမှာပေါ့။ဝတ်လိုက်တာနဲ့ confidence ဖြစ်တဲ့ အ၀တ်စားမျိုး။ကိုယ်ခန္ဓာကိုယ်နဲ့ လိုက်တဲ့ အ၀တ်အစားမျိုး။ကိုယ့် အသားရေနဲ့ လိုက်တဲ့ အ၀တ်အစားမျိုး၊တခါတလေ ၀တ်ထားတာက confidence မရှိပေမယ့် ကြည့်လို့လှနေရင်လဲ ၀တ်လိုက်တယ်။ အမျိုးမျိုးပါဘဲ။
-လူတယောက်အတွက် ဖက်ရှင် က ဘယ်လောက်အရေးကြီးလဲဆိုတာ ကစ်အနေနဲ့ပြောပြပေးပါဦး။
လူမှာအ၀တ်တောင်းမှာအကွပ်ဆိုသလိုပေါ့ ။အ၀တ်အစားကလဲ အရမ်းကို အရေးပါပါတယ်။ဥပမာ-အပြင်သွားတာဘဲဖြစ်ဖြစ် ပွဲသွားတာဘဲဖြစ်ဖြစ် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကို ၀တ်လိုက်တာနဲ့ confidence ရှိစေတယ်။ အဲ့တာအရမ်းကို အရေးကြီးတယ်။ ကိုယ်နဲ့ မလိုက်တဲ့ အ၀တ်တခုဝတ်လိုက်ရင် ပွဲမသွားချင်တော့ဘူးအဲ့လိုမျိုးတောင်ဖြစ်တယ်။ ဖက်ရှင်ကအရေးကြီးပါတယ်။ ဖက်ရှင်ကျရင် ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုရှိစေတယ်။ခုကဖက်ရှင်ကလဲမျိုးစုံ TREND တွေကလဲပြောင်းနေတော့ အမကတော့ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကို ၀တ်ရတာပို သဘောကျပါတယ်။ ဖက်ရှင်နဲ့ ပတ်သတ်ပြီးသိပ်မဖြေတတ်ဘူး။ လှလှလေးနေရတာကြိုက်တယ်။ အ၀တ်စားဝတ်ရတာကြိုက်တယ်။ကိုယ်နဲ့ လိုက်တဲ့ ဖက်ရှင် တွေ ၀တ်ရတာကြိုက်သလို ကိုယ်နဲ့ မလိုက်တဲ့ဖက်ရှင်တွေဝတ်ရတာလဲကြိုက်တယ်။
-ဖက်ရှင်နဲ့ ပတ်သတ်ပီး ပရိသတ်တွေအတွက် အကြံပေးစကားလေးပြောပေးပါဦး။
ဖက်ရှင်နဲ့ ပတ်သတ်ပြီးအများကြီးတော့ မပြောတတ်ပါဘူး။ သူ့ကာလအပိုင်းအခြားနဲ့ ၀တ်ရင်တော့ ကောင်းတာပေါ့နော်။အရမ်းကြိးဖက်ရှင်ကျနေဖို့ထက် ကိုယ်နဲ့ လိုက်ဖက်တဲ့ အ၀တ်အစားကို ရွေးချယ်ဝတ်မယ်ဆိုရင် ကြည့်လို့လဲကောင်းတယ်။အမြင်လဲတင့်တယ်တယ်လို့ ကစ်ထင်ပါတယ်။ အများကြီးတော့ အကြံမပေးတတ်ပါဘူး။
source: eleven broadcasting