ဗြိတိန်မှ ဖက်ရှင် မဂ္ဂဇင်း Vogue အဖို့ စက်တင်ဘာလထုတ်သည် နှစ်စဉ် အထူးထုတ်အဖြစ် ထုတ်ဝေခဲ့သည်မှာ နှစ်ပေါင်း ၁၀၂ နှစ်ရှိပြီ။
ထို စက်တင်ဘာလထုတ်တွင် မျက်နှာဖုံးရှင်ကို လူမည်း ဖက်ရှင်မော်ဒယ်ကို မသုံးခဲ့ဖူးပေ။
ယခုနှစ် လာမယ့် စက်တင်ဘာလထုတ်တွင် နာမည်ကျော် ဖက်ရှင်မော်ဒယ် လူမည်း အမျိုးသမီးကို ပထမဆုံးအကြိမ်အဖြစ် စတင်သုံးစွဲလိုက်သည်။ ထိုမျက်နှာဖုံးရှင်မှာ Rihanna ဖြစ်သည်။
Rihanna ရဲ့ဖက်ရှင်အလန်းစား ပုံရိပ်များ
Rihanna သည် Vogue မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင် အစိမ်းသက်သက် မဟုတ်ချေ။ ၁၂ ကြိမ်တိုင်တိုင် Vogue မဂ္ဂဇင်း၏ မျက်နှာဖုံးရှင် ဖြစ်ခဲ့ဖူးပြီးပြီ ဖြစ်သည်။ အခြားမဂ္ဂဇင်းများတွင်လည်း မျက်နှာဖုံးရှင် အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသည်။ သို့သော် British Vogue မဂ္ဂဇင်း၏ စက်တင်ဘာလထုတ်တွင် ယခုမှ ပထမဆုံးအကြိမ် မျက်နှာဖုံးရှင် ဖြစ်ခြင်းနှင့်အတူ လူမည်းတစ်ဦးအနေဖြင့် ပထမဆုံး ဖြစ်ခွင့် ရလိုက်ခြင်းလည်း ဖြစ်နေသည်က ထူးခြားချက် ဖြစ်သည်။
မျက်နှာဖုံးအတွက် အလှပြင်ရာတွင် သူ့အလှကုန်ဖြစ်သည့် Fenty Beauty မိတ်ကပ်ကို သုံးစွဲထားသည်။ သို့ဖြစ်ရာ သူ့အလှကုန် brand ကို အလိုလို လူသိများအောင် ကြော်ငြာပြီးသား ဖြစ်သွားသည်။