Gigi Hadid လို့ပြောလိုက်ရင် ဆွဲဆောင်မှုအပြည့်နဲ့ မော်ဒယ်လောကရဲ့ ထိပ်တန်းနေရာမှာ ရပ်တည်နေသူတစ်ဦးဆိုတာ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။
၂ဝ၁၃ခုနှစ်က စတင်စာချုပ်ချုပ်ဆိုခဲ့တဲ့ IMG Model အေဂျင်စီမှာ လက်ရှိအထိ လုပ်ကိုင်ခဲ့ပြီး သူမရဲ့ပွဲဦးထွက်မှာပဲ Model.com ရဲ့ကမ္ဘာ့ထိပ်တန်း မော်ဒယ်အယောက် ၅ဝထဲမှာ ပါဝင်နိုင်ခဲ့သူဖြစ်ပါတယ်။
Gigi ကိုတော့ ၁၉၉၅ ခုနှစ် ဧပြီလ ၂၃ရက်နေ့က အမေရိကန်ပြည်ထောင်စု ကယ်လ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
အရပ်အမြင့်ကတော့ ၁.၇၉မီတာ (၅ပေ၁ဝလက်မခွဲ) ရှိပြီး ဘော်ဒီကလည်း အမိုက်စားပါပဲနော်။
ကမ္ဘာပေါ်ရှိ ကြေးအမြင့်ဆုံး မော်ဒယ်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး Forbes မဂ္ဂဇင်းရဲ့ ၂ဝ၁၇ ခုနှစ် ထုတ်ပြန်ချက်အရ တစ်နှစ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၉.၅သန်း ရှိတယ်လို့ ဆိုပါတယ်။
သူမရဲ့အမိုက်စားဖက်ရှင် ပြေးလမ်းထက်က ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
နာမည်ကျော် ဘောလိဝုဒ်မင်းသမီး Priyanka Chopra ရဲ့ ဖက်ရှင်ပုံရိပ်များ
Source:my style