အဆင့်မြင့် နည်းပညာသုံး အမေရိကန်ဒါ်လာ ၈ သန်းကျော် တန်ဖိုးရှိတဲ့ အထည်ချုပ်စက်ရုံအသစ်ကို Casablanca မှာ လုပ်ကိုင်ဖို့ မော်ရိုကိုအစိုးရနှင့်တရုတ်နိုင်ငံရဲ့ Omega Textile Marocတို့ရဲ့ သဘောတူညီမှုအရ မကြာမီမှာ လုပ်ငန်းလည်ပတ်တော့မှာ ဖြစ်ပါတယ်။
အဆိုပါသဘောတူစာချုပ်ကို မကြာသေးမီက မော်ရိုကိုနိုင်ငံရဲ့ စက်မှုနှင့်ကုန်သွယ်ရေး၀န်ကြီး Moulay Hafid Elalamyနှင့် တရုတ်ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ Song Linghuiတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဆင့်မြင့်စက်များ အသုံးပြုပြီး အ၀တ်အထည်များ၊ခြေအိတ်နှင့်အတွင်းခံများကို ထုတ်လုပ်မှာဖြစ်ပြီး ထုတ်လုပ်မှုက ပြည်တွင်းစျေးကွက်နဲ့တင်ပို့မှုကိုဖြည့်ဆည်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ၀န်ကြီးဌာနမှသတင်းထုတ်ပြန်ခဲ့ပါတယ်။
စီမံကိန်းက ရေရှည်မှာ တိုက်ရိုက် အလုပ် ၂၀၀နှင့် သွယ်ဝိုက်အလုပ် ၄၅၀ အပြင် လုပ်ငန်းလည်ပတ်ငွေ အမေရိကန်ဒေါ်လာ ၇ သန်းနီးပါး လည်ပတ်လိမ့်မည်လို့ မြောက်အာဖရိကမီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ စက်ရုံ က မော်ရိုကိုချည်ထည်လုပ်ငန်းကို တိုးမြှင့်ပေးမှာဖြစ်ပြီး အပ်ချုပ်ဂေဟစနစ်နှစ်ခုလုံးမှာ ဘေးထွက်ကုန်ပစ္စည်းတွေရဲ့ ထပ်ဆင့်တန်ဖိုးကို တိုးမြှင့်ပေးပြီး အထူးသဖြင့် အာဖရိကတိုက်မှာ တစ်နိုင်ငံလုံးနှင့်နိုင်ငံတကာမှာ ကုန်အမှတ်တံဆိပ်တွေ ဖြန့်ဖြူးရောင်းချခြင်းကို ကူညီနိုင်မှာဖြစ်ပါတယ်။
Omega Textile Marocက မော်ရိုကိုဥပဒေအရ တရုတ်နိုင်ငံရဲ့ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှု ဖြင့် ခြေအိတ်၊ အတွင်းခံနှင့်တီရှပ်တွေကို အထူးပြု လည်ပတ်မှာ ဖြစ်ပါတယ်။
			    
		  	



