What's new



ရှစ်လအတွင်း အထည်ချုပ်လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု (၄၅) ခုကို ခွင့်ပြုခဲ့

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း CMP အထည်ချုပ်လုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု (၄၅) ခုကို ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ( DICA ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ နိုင်ငံသားနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု အသစ် (၄၅) ခုတို့အား ဇန်နဝါရီလမှ သြဂုတ်လအထိ  ခွင့်ပြုထားခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများတွင်…

  • စက်မှုလုပ်ငန်းများ၊ 
  • ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊ 
  • CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ၊ 
  • ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများလည်း ပါဝင်သည်။ 

 

လုပ်ငန်းအများစုမှာ CMP အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၈,၀ဝ၀) ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်း CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှလည်း လာရောက် ရင်းနှီးမြှုပ်နှံမှု ရှိသည်ဟု ဆိုသည်။

Read 8652 times
Rate this item
(0 votes)