Zawgyi+Unicode
Unicode version
NYFS Updated: ငွေရောင်ခြယ်ကေသာနဲ့ Kim Kardashian
=================================
Kim Kardashian ဟာ NYFW ကို လာရောက်ခဲ့ပြီး မော်ဒယ်တွေဆီမှာ ရောက်နေတဲ့ အာရုံတွေကို သူ့ဆီရောက်အောင် သဲ့ယူခဲ့ပါတယ်။
နယူးယောက်ဖက်ရှင်သီတင်းပတ်ပွဲတော် New York Fashion Week ကို ရောက်ရှိလာတဲ့ Kim Kardashian ဟာ အသက် ၃၆ နှစ်ရှိပြီး ကလေးနှစ်ဦးရဲ့မိခင်ဖြစ်ပါတယ်။ အနက်ရောင်ပြောင် ပီဗီစီသား ဝတ်စုံကို ဆင်မြန်းထားပြီး ဆံကောသာတွေကို ငွေရောင်ဆိုးထားပါတယ်။
Kim တို့ လင်မယားဟာ တတိယမြောက် ကလေး ထပ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး မိခင်အငှါးဖြင့် ကိုယ်ဝန်ဆောင်စေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့
Kim ဟာ ဒုတိယမြောက် ကလေးမှာ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ရှိခဲ့တာမို့လို့ ဖြစ်ပါတယ်။ ကလေးရဲ့ အချင်းက သားအိမ်နံရံမှာ တွယ်ဆက်တာမှာ ဖြစ်သင့်တာထက် ပိုပြီ အသားထဲ ခပ်နက်နက်မှာ တွဲဆက်ခဲ့တာမို့ မိခင်ရော ကလေးပါ အခန့်မသင့်ရင် သေဆုံးသွားနိုင်တယ်။ ဒါကြောင့် နောက်ထပ် ကိုယ်ဝန်မလွယ်ဝံ့တော့တဲ့ Kim ဟာ အငှါးကိုယ်ဝန်ဆောင်ဖြင့် ကလေးထပ်ယူဖို့ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကလေးနှစ်ယောက်မှာ သမီးကြီးက ၄ နှစ်၊ သားငယ်က ၁ နှစ်ရှိပါပြီ။ NYFW မှာ မအေတူဖအေကွဲ ညီမဖြစ်သူ Kendall Jenner က catwalk လျှောက်တာကို လာအားပေးတာ ဖြစ်ပါတယ်။